EP-20

39.8K 4K 475
                                    

*ငါ ကျောင်းဆေးခန်းသွားလိုက်ဦးမယ်

အာရာရားစာပွဲပေါ် အသံတိတ် တင်လာသော Stickers Notes

*Ok! အခြေအနေကောင်းရင် တို့လဲ လစ်ထွက်ခဲ့မယ်

ရေးပြီး ကြည်နူးစားပွဲပေါ် လှမ်းကပ်လိုက်သည်။ ထို့နောက် ကြည်နူးက ဆရာမကို ခွင့်တောင်းကာ အခန်းထဲမှ ထွက်သွားသည်။

------------

ကြည်နူးကျောင်းဆေးခန်းကို ရောက်သွားချိန် ဒေါက်တာမမ မရှိ။

""ကလေး နေမကောင်းလို့လား ဒေါက်တာက ကျောင်းအစည်းအဝေးသွားတယ်""

ဆေးခန်းက အစာကြေ ဆင်တုံးမနွယ်ဘူးကို ဖောက်စားနေသော ကြည်နူးခေါင်းညိမ့်ပြပြီး

""ဟုက် ကျွန်တော်နေသိပ်မကောင်းလို့ .. ခဏ ၀င်လှဲပြီး စောင့်လိုက်မယ်လေ""

""အင်း .. အင်း သဘောပဲ .. အဒေါ်လဲ ဒီမှာ အလုပ်ပြီးပြီ""

သန့်ရှင်းရေးအဒေါ်က သူ့သန့်ရှင်းရေးပစ္စည်းတွေ သိမ်းပြီး ဆေးခန်းအဆောင်မှ ထွက်သွားသည်။

""ဗီတာမင်ဆေးခဲလေးဘာလေး မရှိဘူးလား မသိဘူး""

ဟိုမွှေဒီမွှေလုပ်ချင်ပါသော်လည်း တင်းခဲရောင်လာသော ခြေသလုံးက စိတ်သွားတာ ကိုယ်မပါတာကြောင့် လက်ထဲက တိုင်းရင်းဆေး ဆင်တုံးမနွယ်နှင့်ပင် တင်းတိမ်လိုက်ရသည်။ ကြည်နူး လူနာကုတင်ပေါ် မတတ်ချင်တတ်ချင်နှင့် ၀င်လှဲသည်။ ကုတင်ပေါ်မလှဲချင်ပေမဲ့ ခေါင်းအုံးနှင့် ခေါင်း ထိနေတော့ မျက်လုံးတို့အလိုအလျှောက် မှေးစင်းလာသည်။

မင်းမြတ် ဆေးခန်းမှာ ကန့်လန့်ကာထားသော လိုက်ကာစကို ဖယ်တော့ ကြည်နူးက ခေါင်းအုံးပေါ် မျက်နှာကို တခြမ်းစောင်းတင်လျှက် ကုတင်ပေါ်မှာ မှောက်အိပ်နေသည်။ ကြည်နူးအိပ်တာကို မြင်ဖူးတာ ပထမဆုံးအကြိမ်မဟုက်ပေမဲ့ မင်းမြတ်အတွက်က ဘယ်တော့မှ မရိုးနိုင်သည့် အမြင်ရသတစ်ခု။ 

""ခေါင်းကို စောင်းအိပ်တယ်.. ဇာက်နာတော့မှာပဲ""

မင်းမြတ် ပွစိပွစိ ရေရွတ်ရင်း ကုတင်ဘေး ထိုင်ခုံမှာ ၀င်ထိုင်သည်။ ပုံမကျ ပန်းမကျ အိပ်မောကျနေသော ကြည်နူးကို မျက်စောင်းတခဲခဲ။ လက်ထဲမှာ ပါသော ဆေးဗူးကို ဖွင့်လျှက် ဘောင်းဘီကို အသာခေါက်တင်တော့ ကြည်နူး ကိုယ်လေး တွန့်လာသည်။

Waking Love UPWhere stories live. Discover now