EP-14

41K 3.8K 481
                                    

ကြည်နူးအတွက်အဖော်ရစေရန် အာရာရားက အိမ်မှထမင်းဘူးယူပြီး Free Canteenမှာ ကြည်နူးနှင့်အတူလိုက်စားပေးသည် ..

""ငါတို့အခြားနေရာမှာပဲ သွားထိုင်မလား အာရာရား""

မင်းမြတ်ထိုင်နေသော စားပွဲရှည်ကို ဦးတည်နေသော အာရာရားအား ကြည်နူးခပ်တိုးတိုး ပြောမိသည် ..

""အခြားနေရာတွေက နေရတာ အဆင်မပြေဘူး မောင်ရဲ့ .. ဒီမှာပဲ ထိုင်တာပေါ့""

ကြည်နူးဘာမှမပြောတော့ပဲ အာရာရားဆွဲခေါ်သည့် မင်းမြတ်ရဲ့စားပွဲမှာ ၀င်ထိုင်လိုက်သည် .. မျက်နှာကိုတော့ စာအုပ်ဖြင့် ဖုံးကွယ်ထားလျှက် ..

""အချစ် .. ထိုင်မယ်နော်""

မင်းမြတ် ခေါင်းတစ်ချက်ညိမ့်ပြလိုက်သည် ..

မျက်နှာကို စာအုပ်နှင့်ကွယ်ထားလဲ သူ့ကိုမသိတာကျနေတာပဲ .. ဒီတစ်ခါတော့ သူ့ဖက်က စမခေါ်မချင်း လုံးဝကို မင်းမြတ်ဖက်က စကားမပြောဘူး ..

""မောင်ရယ် .. စာအုပ်ကြီးခဏလောက်ချထားပါဦး .. စာအုပ်ထဲခေါင်းကြီးလဲ စိုက်ဝင်သွားပါဦးမယ်""

အစာစားတာတောင် စာအုပ်ကို လက်ကမချ .. ထိုမျှထိကြိုးစားပါသော်လည်း စာမေးပွဲခန်းထဲရောက်ရင် ဟိုလူမေး ဒီလူမေးပဲကိုးးး လင်းကိုတောင် သွားမေးရဲတဲ့ သတ္တိကိုတော့ အာရာရား သြချပါပေရဲ့ ..

""စာမရသေးလို့ အာရာရားရ""

""အစောထဲက စာကိုပုံမှန်လုပ်ရင် မောင်အခုလို ရုပ်ပျက်မှာမဟုက်ဘူး""

""ရတယ် မောင်က Master Brain .. 1Subject 1Night တောင် အချိန်ယူစရာမလိုဘူး 1Subject 3hours""

ကဲ! ကြည့် .. ဒီလိုလူမျိုးမှ မကျရင် ဘယ်သူကျမလဲ .. ကျတာတောင် ရိုးရိုးကျမှာမဟုက်ဘူး .. အတောင်ပံတပ်ထားတဲ့ ခွေးလို လှလှပပကျမှာ ..

အာရာရား ပြောမနိုင်တာကြောင့် ဘာမှဆက်မပြောပဲ ချိုင့်ထဲမှဟင်းကို ကြည်နူးအား ခွံလိုက်သည် ..

""မောင် ကြက်ဥပေါင်းလေး စားဦး""

""No No No .. မောင် စာမေးပွဲရက်အတွင်း ကြက်ဥ ဘဲဥ ပဲပြုတ် အကုန်ရှောင်တယ်""

Waking Love UPWhere stories live. Discover now