EP-12

37.9K 3.8K 177
                                    

""မောင်မောင်လေး""

ကျောင်းဂိတ်ဝမှာ သနားစဖွယ်ငုတ်တုတ်လေးထိုင်နေသည့် ကြည်နူး ..

""အတန်းမတတ်ဘူးလား .. ဘာလို့""

""မမ""

ငိုသံလေးနှင့် ကလေးတစ်ယောက်လို မိုဇာဆီကို ပြေးလာသည့် ကြည်နူးကို မိုဇာ ပွေ့ဖက် ဆီးကြိုရသည် .. မိုဇာကို ဖက်ကာ ငိုနေသည့် မိုဇာရဲ့မောင်မောင်လေး

""မမကို ကျွန်တော် လိုက်ရှာနေတာ မမကျောင်းမလာသေးဖူးဆိုလို့""

""ဟုက်တယ် မမကအချိန်ပိုင်းဆိုတော့ ကျောင်းမှာအမြဲမရှိဘူး .. အတန်းရှိမှ လာတာလေ..ဘာဖြစ်လာတာလဲ .. ပြောစမ်း.. မမရင်တွေပူလာလို့""

ဒီကလေးက သူအကူအညီလိုမှ ဒီကမမတွေကို သတိရတတ်တာမျိုး .. သူသာယာနေရင် ဒီကမမတွေကို ပတ်ပြေးနေတာ .. ဒါပေမဲ့လည်း အပြစ်မမြင်ရက်ပါဘူးလေ ..

ပြောစရာရှိတာကို မပြောသေးပဲ ပုခုံးပေါ်မျက်နှာအပ်လျှက် ငိုရှိုက်နေတာကြောင့် မိုဇာရဲ့အင်္ကျီပေါ်တွင် သူ့မျက်ရည်နှပ်ရည်တွေနှင့် စိုသွားသည် ..

""ကဲ .. ကဲ .. ဂိတ်ဝကြီးမှာ လူမြင်မကောင်းပါဘူး .. ဟို လျှောက်လမ်းက အုတ်ခုံမှာ ထိုင်ရင်းပြောရအောင်""

အတန်းနောက်ကျလဲ နောက်ကျပါစေတော့ ..အခုချိန်မှာ ဒီကလေးကိစ္စထက် မည်သည်မှ အရေးမကြီး ..

-------------

""သူက .. မမပြောသလို Hater ဖြစ်နေတယ် .. အခြောက်တွေကို ရွံတယ်တဲ့ .. သူကိုယ်တိုင်လည်း အခြောက်မဟုက်သလို သူ့ကိုလဲ အခြောက်လို့ ပြောတာ မကြိုက်ဘူးတဲ့""

မျက်ရည်လေးပတစ်ပတစ်နှင့် ကြည်နူးစကားကို မိုဇာသက်ပြင်းချမိသည် .

""ကိုယ်ချစ်တဲ့သူက လိင်တူကိုမှ Straight ဖြစ်ခဲ့ရင် အခုလိုကိစ္စတွေက သေချာပေါက်  ဖြစ်လာမှာပဲလေ..အဲ့ဒါကို လက်ခံနိုင်အောင် မောင်မောင်လေးကြိုးစားသင့်တာပေါ့ .. ""

""မျက်စိရှေ့မှာ မြင်နေရတဲ့သူ့ကို တဖြည်းဖြည်းနဲ့ လောဘတတ်မိလာတယ် .. မြင်တွေ့ပါများတော့ သူ့အနားနေချင်လာတယ် .. နေခွင့်ရတော့ ပတ်သက်ချင်လာတယ် .. ပတ်သက်ခွင့်ရတော့ ပိုင်ဆိုင်... ပိုင်ဆိုင်ချင်လာတယ်.. အဲ့လို လောဘတတ်လို့ မရဘူးဆိုတာ သိပေမဲ့လည်း ခဏခဏ ကိုယ့်စိတ်ကိုကိုယ် မထိန်းနိုင်ခဲ့ဘူး ..""

Waking Love UPWhere stories live. Discover now