ကြည်နူးနှင့်အာရာရား တစ်ယောက်အရိပ်အကဲတစ်ယောက် အကဲခတ်နေသည်။ နှစ်ဦးလုံးမှာ ပြောစရာ ကိုယ်စီရှိပေမဲ့ စကားတို့က မထွက်လာ။
ခေါက်ဆွဲကြော်ထဲမှ မွမွကြေနေသော ကြက်သားဖက်ကို ရည်ရွယ်ချက်မရှိ ကြည်နူးက တူနှင့် ထိုးဆွနေသည်။ အာရာရားက မှန်ထောင်လျှက် Vaselineဖြင့် Lipscrub လုပ်နေပေမဲ့ မျက်လုံးက ကြည်နူးကိုသာ ကြည့်နေသည်။ တစ်ယောက်နှင့်တစ်ယောက် အကြည့်ဆုံသွားရင် မလုံမလဲနှင့် နှစ်ယောက်လုံး အကြည့်လွှဲမိသည်။
အရင်နေ့များတွင် စကားတို့ဖြင့် ဖောင်ဖွဲနေသော သူတို့နှစ်ယောက် စားပွဲဝိုင်းမှာ ဒီနေ့မှာတော့ စထိုင်ကထဲက တိတ်နေသည်။
""အာရား....""" ""မောင် ..""
နှစ်ဦးသားပြိုင်တူ ပြောမိသည်။
ကြည်နူးလက်ထဲက တူကို ပန်းကန်ပေါ်ချလိုက်သလို အာရာရားလဲ မှန်ကို မှောက်လိုက်သည်။ နှစ်ယောက်လုံး မျက်လုံးချင်းဆိုင်ကြည့်နေသည်။
""ပြောစရာ...""
""တို့လည်း ပြောစရာရှိတယ်""
""မောင် အရင်ပြောမယ်""
""တို့အရင်ပြောမယ်""
နှစ်ယောက်က ရန်စောင်နေသည့် အစာလုနေသော လမ်းဘေးခွေးနှစ်ကောင်ကဲ့သို့။
""ဒီည ညစာ အတူ""
""ဒီညအားလား""
အလုအယက်ပြောသည်။
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျှက် နှစ်ယောက်ဘေးမှာ ချထားသော ရေနှစ်ခွက်ကို တစ်ချိန်ထဲ အတူတူသောက်မိပြန်သည်။
""ဒါဆို ဒီညတို့တွေ တွေ့မလား... အေးအေးဆေးဆေး ညစာအတူစားရအောင်""
တိုတ်ဆိုင်မှု့လို့ပြောမလား... အာရာရားပြောသည့် အကြောင်းအရာမှာ ကြည်နူးပြောချင်သည့် အကြောင်းနှင့် ထပ်တူကျနေသည်။
ကိုယ်တို့နှစ်ယောက်ရဲ့ ပတ်သက်မှု့ကို အသိသက်သေထားရအောင်။ ကိုယ်ရဲ့ပထမဆုံးချစ်သူကို လူမသိသူမသိ တိတ်တိတ်ပုန်းမဖြစ်ချင်ဘူး။ လူသိရှင်ကြား မဖြစ်နိုင်ပေမဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ ချစ်သူအဖြစ်ကို သိထားတဲ့သူ တစ်ယောက်လောက်တော့ ရှိစေချင်တယ်။ ကိုယ်တို့ အာရာရားကို ဖွင့်ပြောရအောင်....
YOU ARE READING
Waking Love UP
Teen FictionThis story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလို စတယ် .......? UNICODE ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလို စ...