EP-9

41.6K 3.8K 248
                                    

""အာညော် ချင်းဂူး""

မျက်နှာလေးကို တတ်နိုင်သမျှ ပြုံးချိုနေအောင် ဖြီးပြီး ကြည်နူးစက်ဘီးတိုတ်မိသော မိန်းကလေးကို  ကိုးရီးယားဆန်ဆန် နှုတ်ဆက်လိုက်သည် .. သူမက ကြည်နူးကို တစ်ချက်ကြည့်ပြီး မသိသလို စာအုပ်ပြန်ဖတ်နေသည် ..

""နင် သက်သာလားး ... ငါလဲ နင့်ကို သတင်းလာမေးမလို့ပါပဲ .. ဒါပေမဲ့ အဲ့တုန်းက ငါကိုယ်တိုင်ကလည်း""

""နင့်အတန်းက အရှေ့မှာ မဟုက်လား .. ဘာလို့နောက်ကိုလှည့်နေတာလဲ .. နင်နဲ့ငါ အပြန်အလှန်စကားပြောရလောက်အောင် မရင်းနှီးပါဖူး""

မလိုလားစွာ ခပ်ပြတ်ပြတ်ပြောသည့် စကားကြောင့် ကြည်နူးရှက်သွားပေမဲ့ .. နေပါစေလေ .. ဒီအခန်းကို ၀င်လာထဲက ရှက်ကြောရောကြောက်ကြောရော ဖြတ်ထားပြီးသားမလားးးး .. ရတုနဲ့မပြေလည်တဲ့ငါ့ကို ဒီအခန်းမှာ ခင်မင်သလိုနေပြဖို့တော့ သူမအနေနဲ့လည်း အဆင်မပြေနိုင်ပါဖူးလေ .. ရတုရန်ကို သူမလဲ စိုးရိမ်ရှာမှာပဲ .. အမျိုးသားကောင်း အမောင်ကြည်နူးကပဲ သဘောထားကြီးကြီးနဲ့ နားလည်ပေးနိုင်ရမှာပေါ့ ...

ကြည်နူးဘာမှ မပြောတော့ပဲ အရှေ့ကို ပြန်လှည့်တော့ ကြည်နူးစာရေးခုံပေါ် တင်ပါးလွှဲထိုင်ပြီး ခြေချိတ်ထားသည့် ရတု .... ကြည်နူး စိတ်ကုန်သလို သက်ပြင်းချပြီး မတ်တပ်ရပ်ကာ  ခေါင်းလေးတစ်ညိမ့်ငုံ့ပြီး

""good Afternoon monitor""

ရတုကို မကြည့်မိရန် ကြည်နူးစိတ်မပါသယောင်ဖြင့် လည်ပင်းကို စောင်းထားသည် ..

""ငါကမင်းကို အာဖတာပြန်နွန်းမယ် ထင်နေလား""

လည်ပင်စောင်းထားသည့် ကြည်နူးရဲ့ခေါင်းလေး ရတုမျက်နှာရှေ့လှည့်လာပြီး ကောက်ခါနင်ကာ ဟန်ဆောင်အပြုံးမှန်းသိသာလှသည့် ပေါ့ပျက်သောအပြုံးတစ်ခုနှင့်အတူ

""Monitor က ယဉ်ကျေးမှု့မရှိပေမဲ့ ကျွန်တော်က ယဉ်ကျေးမှု့ရှိပါတယ်.. ခွန်းတုံ့ပြန်တာမပြန်တာထက် ကိုယ့်အတန်းခေါင်းဆောင်ကို ကျွန်တော့်အနေနဲ့ ဂါရ၀တရားရှေ့ထားပြီး သေချာပေါက် နှုက်ဆက်သင့်ပါတယ်""

ရတု တစ်ချက်ရယ်ပြီး ... ကြည်နူးပါးနှစ်ဖက်ကို အားပါးတရ ဖျစ်ညှစ်ဆွဲလိမ်လျှက် မျက်နှာချင်းကပ်ကာ 

Waking Love UPWhere stories live. Discover now