EP-24

38.6K 3.9K 790
                                    

""မန္တလေး ၀င်ပြီ ... ထမင်းစားနားမယ် ... ကျန်းမာရေး သွားမယ် .. ကားပေါ်မှာ နေခဲ့လို့ မရဘူး.. Trip အတွက် ကုန်ကျစရိတ်ကို S1ကျောင်းသားမိဘတွေ လှုထားတဲ့ ရန်ပုံငွေထဲကပဲ အစအဆုံး သုံးမှာ .. ကိုယ့်ကြောင့် တစ်ပါးသူ အနှောက်အယှက်မဖြစ်စေနဲ့ .. ကိစ္စတွေပြီးရင် ကားနားမှာ ပြန်စောင့်မယ် .. Ok""

အတန်းခေါင်းဆောင် ရတု ပြောသွားသော စကားတွင် ကြည်နူးနားထဲ အမိအရ ပဲ့တင်ထပ်နေသော စကားက ရန်ပုံငွေထဲက အစအဆုံးသုံးမှာ ...

""ရန်ပုံငွေထဲက သုံးမှာဆိုတော့ စားစရိတ် ဖရီးကို ပြောတာလား""

ကြည်နူးလက်ထောင်ပြီး ပြီတီတီနှင့်မေးတော့ ရတုက မကြည်ကြည့် ကြည့်ကာ

""ဟုက်တယ်.. ဖရီးဆိုတိုင်း စားပို့နင့်သေအောင် မစားနဲ့ .. ၀ိုင်းမှာ ထိုင်တဲ့လူတွေနဲ့ စရိတ်ကိုညှိပြီးစားမယ်.. limit မထားထားပေမဲ့ အများနဲ့အလုပ်လုပ်ရတာ စည်းလေးတော့ရှိစေချင်တယ်.. အလကား မဖြုန်းပါနဲ့... လူလိုသူလိုစား.. ရန်ပုံငွေထဲ ဘယ်နကျပ်ပါလဲ တော့မသိဘူး .. S1ခန်းက ရန်ပုံငွေအကြောင်းကို အခုမှ ကြားဖူးတာလား""

ရတုပြောစကားကို ကြည်နူးနေနိုင်က မကြားချင်ယောင်ဆောင်နေသည်။

စားရကံကြုံတော့ ရန်ပုံငွေနဲ့တိုးတာပဲ .. အဟေးဟေးး

---------

""မောင် .. ဒီဝိုင်းမှာ ထိုင်မယ်လေ""

အာရာရားဆွဲခေါ်တဲ့ စားပွဲဝိုင်းမှာ ၀င်ထိုင်လိုက်သည်။

""မောင် .. ဒီဆိုင်က ပင်လယ်စာ အရမ်းကောင်းတယ် ... ""

"" သိတယ်.. မောင် Review တွေ ဖတ်ဖူးတယ် .. screenမှာ မျက်စိကိုပဲ အစာကျွေးခဲ့တာ အခုမှ နှုတ်ခမ်းတွေ့လျှာတွေ့ စားရတော့မယ် .. ""

ကြည်နူးရဲ့ ၀မ်းသာလုံးဆို့နေသော စကားကြောင့် အာရာရားပြုံးမိသည်။

""မောင်ကြိုက်တာမှာနော် .. ရတုစကားကို စိတ်ထဲမထားနဲ့ ... တို့ဝယ်ကျွေးမယ်""

""မောင့်အမေ မုန့်ဖိုးပေးလိုက်တယ် .. ငွေရေးကြေးရေး စိတ်မပူပါဘူး""

နှုတ်ခမ်းလေးကိုက်ကာ မီးနူးကို လက်နှင့်ထောက်လျှက် ဘယ်ဟာမှာလို့မှာရမှန်းမသိ ဗျာများနေသော မောင့်ကို အာရာရား ချစ်သည်။

Waking Love UPWhere stories live. Discover now