EP-53

32.3K 3.4K 1.2K
                                    

""ကောင်ရှင်းရေ့ .. ကောင်ရှင်းလေးရေ့""

အော်ခေါ်သံနှင့်အတူ အနောက်မှ တရှိန်ထိုး ခုန်အုပ်လိုက်သောသူကြောင့် ရတုကိုယ် အရှေ့ ယိုင်ကျသွားသည်။

မည်သူလဲ မော့ကြည့်စရာမလို။

""ဖြည်းဖြည်းသာသာ လုပ်ပါကွာ""

ရတုရဲ့ အပြစ်မဆိုသောစကား။

ကြည်နူးက ရတုပခုံးပေါ် မမှီမကမ်း လက်တင်ထားသည်။

""စာမေးပွဲ ပြီးတာကို အိမ်တန်းပြန်တော့မှာလား""

""အိမ်မပြန်လို့ ငါက မင်းကို ခိုးပြေးရမှာလား""

ကြည်နူးကိုငဲ့စောင်းကြည့်လျှက် ရတု အတည်ကြီး ပြောသည်။ ကြည်နူးက ရတုကို ငေးမောစွာ စိုက်ကြည့်နေသည်။

လျှပ်တပြတ် ရတုဇာက်ပိုးကို အနောက်မှ ကြည်နူးက အားပါပါ ရိုက်ချပြီး

""ဖေ့သားလေးက စကားကို အကောင်းမပြောဘူး... လာခဲ့။ ဖေကြီးကို ပလာတာ ၀ယ်ကျွေးစမ်း""

ရတုပခုံးကိုဖက်ပြီး အောက်ကို အတင်းဆွဲချသည်။ ကိုင်းလာသော ရတုခေါင်းကို ကြည်နူးလက်မောင်းအောက် ထိုးသွင်းသည်။ နှစ်ယောက်သား ဗရုတ်သုတ်ခဖြင့် ပလာတာဆိုင်ထဲကို ကြည်နူးဦးဆောင် ခေါ်လာသည်။

""ဦးလေး .. သကြားပလာတာဝမ်း(one) မယူတော့ဘူး။ ကြက်ဥပလာတာ တူး(two) ယူမယ်။ ကြက်ဥသုံးလုံး နဲ့ ခလောက်နော်""

ကြည်နူးက မူလမှာထားတာကိုပြန် cancelပြီး ရတုပါလာမှ  သက်သက် Menu ပြောင်းလိုက်သည်။ ရတုက အမြင်ကပ်ကပ်ဖြင့် လက်စောင်းထက်ထက်နှင့် ကြည်နူးဇာက်ပိုးကို ဗြောင်းခနဲ အုပ်ပစ်လိုက်သည်။

""အားးး နာတယ်ကွ""

ကြည်နူးက ထူပူသွားသော ဇာက်ပိုးကို အုပ်ကိုင်ရင်း ရတုကို အော်သည်။

""ငါကလေ စေတနာ၊ သဒ္ဓါတရားခေါင်ပါးတဲ့ ကောင်တော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းကိုတော့ တကယ် စေတနာမရှိဘူး။ မင်းကလေ မေတ္တာထားဖို့မကောင်းတဲ့အကောင်""

""အဲ့ဒါလေးတွေကိုပဲ မင်းချစ်နေတာမလား""

အနာပေါ် ကျလို့ ဆက်ဆက်ခါ ရတုပြာသွားပေမဲ့ ကြည်နူးက ပြောင်စပ်စပ်နှင့် ရတုကို တမင် စ နေမှန်း သိသာသည်။

Waking Love UPWhere stories live. Discover now