***ဒီပါ .. ဒီနေ့ည ကိုးနာရီ ကန်တော်ကြီးမှာ မင်းတစ်ယောက်ပဲ လာခဲ့ပါ။ ငါမင်းကို ၀န်ခံစရာရှိတယ်။***
မင်းမြတ်ပို့သော Messageကြောင့် ရတု ကန်တော်ကြီးကို တစ်ယောက်ထဲ ရောက်နှင့်နေသည်။ ပုံမှန်ဆို ရတု ငြင်းမိလိမ့်မည်။ သို့သော် မင်းမြတ်ရဲ့ဝန်ခံစရာကို ရတုစိတ်ဝင်စားမိလို့ ရောက်လာသည်။
င့ါကို ဘာဝန်ခံမှာပါလိမ့်။
ပန်းပွဲတော်နှင့်ကြုံကြိုက်တာကြောင့် ကန်တော်ကြီးထဲ လူစည်ကားနေသည်။ မိသားစု၊ ချစ်သူစုံတွဲ၊ သူငယ်ချင်းအပေါင်းအသင်း၊ ကလေးအုပ်စုများနှင့် ပန်းအလှများက မြိုင်စိုင်နေသည်။
ချိန်းထားသည့်အချိန်ထက် စောစီးစွာရောက်နှင့်နေသော ရတု တစ်ယောက်ထဲ တောင်ငေးမြောက်ငေးဖြစ်နေသည်။ နာရီကို ထပ်ဖန်တလဲလဲ ငုံ့ကြည့်ပြီး
""ကြာလိုက်တာကွာ .... ""
မင်းမြတ်က နောက်ကျနေခြင်းမဟုက်။ ရတုကသာ စောလွန်းနေခြင်းဖြစ်သည်။ ချိန်းထားသည့် အချိန်ရောက်ဖို့ နာရီဝက်ကျော် လိုသေးသည်။ တဖုန်းဖုန်း တဒိုင်းဒိုင်းဖြင့် ကောင်းကင်ပေါ် ပစ်ခွင်းဖောက်ခွဲသော မီးရှုးမီးပန်းအလှများကို ငေးကြည့်မိသည်။
""Ahhh! ရတီ့ဆီကို Video ရိုက်ပို့ရမယ်""
ရတုအကြံရပြီး ဖုန်းဖြင့် ကောင်းကင်က မီးပန်းအလှများကို Video ရိုက်ကူးနေသည်။
""ဒီပါ""
ကောင်းကင်ကို စိတ်ရောက်နေသော ဒီပါက နာမည်ခေါ်သံကို မကြား။ အသံမြှင့်ပြီး တိုးခေါ်လိုက်သည်။
""ဒီပါ""
ဒီပါက မြှောက်ထားသော ဖုန်းကို ပြန်ချပြီး မိမိနာမည်ခေါ်သူကို လှည့်ကြည့်သည်။
အနောက်တိုင်းဆန်ဆန် မိက်ကပ်အပြင်အဆင်၊ အပေါ်က ကုတ်ကလေးကို ၀တ်ထားသည်မဟုက်ပဲ ပခုံးပေါ် လွှားတင်ထားရုံ၊ လည်တိုင်ကို ကျော့ရှင်းစွာ ဖော်ထားသော ရင်လျှား ရင်ပြတ် အပေါ်ပိုင်းနှင့် ပေါင်လယ်လောက်ထိ ခွဲထားသော အပေါ်ရှုးအောက်ကား ရေသူမဂါဝန်ရှည်၊ အညိုရောင် ဆံပင်အရှည်အောက်ဖျားမှာ လှိုင်းလို အလိမ်အကောက်လေး လိမ်ထားသည်။ တစ်ဖြည်းဖြည်းအောက်မှာ ကွဲထွက်သွားသော ရေသူမ စကဒ်ဂါဝန်အရှည်လေးတွင် လက်မလောက်မြင့်သော high heels ဖိနပ်။
YOU ARE READING
Waking Love UP
Teen FictionThis story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလို စတယ် .......? UNICODE ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလို စ...