EP-17

38.5K 4K 451
                                    

""Thank you Teacher,Goodbye Teacher ""

ဆရာမကို နှုတ်ဆက်ပြီးနောက် ကြည်နူးခြေကုန်လက်ပန်းကျစွာ ထိုင်ခုံမှာ ပုံကျသွားသည်​။ 45minစာ စာသင်ရတာ ခါးတွေကို ညောင်းချိနေရောပဲ။

""စာသင်ရတာ ပင်ပန်းလိုက်တာ.. ပင်ပန်းလိုက်တာ""

သံစဉ်​​လေးနှင့်​ ညည်းတွားနေသော ကြည်နူးကို အာရားရား တစ်ချက်ပြုံးလိုက်ရင်း ခေါင်းခါမိသည်။

""မောင်....""

Selfieဆွဲရန်ပြင်နေသော အာရာရားက ကြည်နူးကို အဖော်စပ်သည်။ ဝါသနာထုံ အထာနပ်သည့် ကြည်နူးက လက်နှစ်ချောင်းထောင် သွားဖြီးပြုံးကာ ပိုစ့်ပြန်ပေးသည်။ သတ်မှတ်ထားသောTimer ပြည့်တော့ အာရာရားရဲ့ဖုန်းမှာ အာရာရားနှင့်ကြည်နူးရဲ့ပျင်းတိပျင်းရွဲ လက်နှစ်ချောင်းထောင်သွားအဖြီးသားပုံလေးက Saved ပြီးဖြစ်သည်။

နောက်ဆရာ မ ၀င်ခင် အချိန်စပ်ကြားလေးမှာ ကြည်နူးက အငြိမ်မနေ။ အိတ်ထဲမှ စက်ဘီးသော့ကို ထုတ်ကာ လေထဲမှာ မြှောက်ကစားနေသည်။ ဟန်ချက်ညီညီဖမ်းယူေ​ဆာ့ကစားနေရာမှ တစ်ချီတွင် စက်ဘီးသော့ချိတ်လေးကို အချိန်ကိုက် မဖမ်းနိုင်​ပဲ အရှိန်လွန်ကာ အောက်ကို ပြုတ်ကျသွားသည်။

ကြည်နူး စိတ်ပျက်ပျက်နှင့်ပြန်ကောက်ရန် ထိုင်နေရာမှ ထစဉ်​ ​အောက်ကျသွား​သော အရုပ်သော့ချိတ်တပ်ထားသည့် စက်ဘီးသော့လေးကို ကောက်ပေးသူက

""မင်းမြတ်!""

မင်းမြတ်က ကြည်နူးလက်ထဲကို သော့ချိတ်ပြန်ထည့်ပေးသည်။ ကြည်နူးကို ကျော်သွားပြီးငါးလှမ်းလောက် လှမ်းပြီးသည်အထိ အနောက်မှ ဘာသံမှ မကြားရသော ကြည်နူးကို မင်းမြတ်​စိတ်​တိုလာသည်​။

အမှန်ဆို ကျေးဇူးတင်စကားလေးဘာလေး ပြောသင့်တယ်မလား။

နေရာမှာရပ်ကာ လက်ထဲမှ သော့ချိတ်လေးကို ငိုမဲ့မဲ့နှင့် ကြည့်နေသော ကြည်နူးဆီကို မင်းမြတ်မကျေမလည်နှင့် နောက် ပြန်လျှောက်လာပြီး

""တစ်မျိုးမထင်နဲ့..ဟိုတစ်ခါ ဖုန်းကျတုန်းကလို မကောက်ပေးမိလို့ မေတ္တာအတုံးလိုက်ပို့နေမှာစိုးလို့""

Waking Love UPWhere stories live. Discover now