EP-44

30.7K 3.5K 580
                                    

ခြံဝင်းထဲကို စ၀င်လာချိန်ထဲက အေးစက်မှု့ကို ခံစားရသည်။ ကိုယ့်အိမ်၊ကိုယ့်ခြံကို မနှိုင်းကောင်းပေမဲ့ အသုဘမရှိသော သုသာန်တစပြင်ကဲ့သို့ အသက်မဲ့လွန်းသည်။ မေတ္တာတရားတို့ဆိတ်သုန်းနေသော ဒီအိမ်ဒီခြံဒီမြေပေါ် မိသားစုဟူသော နွေးထွေးမှု့တို့ကို ငတ်ပျက်နေခဲ့သည်မှာ မင်းမြတ်လူမှန်းသိတတ်စထဲက။

ကားပေါ်ကဆင်းပြီး ဟိန်းနေအောင် ခန့်ထည်လွန်းလှသော သုံးထပ်တိုတ်ကြီးကို လည်ပင်းလန်အောင် မော့ကြည့်ပြီး သက်ပြင်းချမိသည်။ ကျောမှာပိုးထားသော လွယ်အိတ်ကြိုးကို ခပ်တင်းတင်းဆုပ်ကိုင်လျှက် အိမ်ဦးကြမ်းပြင်ကို ခြေချနင်းလိုက်သည်။

လှည့်ကြည့်အတည်ပြုစရာမလို။ အိမ်ဦးဝကို ၀င်ဝင်ခြင်း ဧည့်ခန်းမှာ ဒီအိမ်ရဲ့ အိမ်ဦးနတ်နှင့်အိမ်ရှင်သခင်မတို့ မင်းမြတ်ကို အသင့်ကြိုထိုင်စောင့်နေမည်ကို မင်းမြတ်အတွေ့အကြုံတွေအရ တပ်အပ်သိသည်။
ဖိနပ်နှင့်ခြေအိတ်ကို သေချာချွတ်ပြီး တင်နေကျ ဖိနပ်စင်ပေါ် တင်လိုက်သည်။

ခြံထဲဝင်လာသော ကားသံကြားထဲက ဦးကောင်းစံနှင့်ဒေါ်မြသီတာ ဧည့်ခန်းမှာ သတိ အနေအထားနှင့် သားဖြစ်သူကို ရင်ဆိုင်ရန် အသင့်ပြင်ထားသည်။ အိမ်ဦးဝ စ၀င်လာကထဲက တစ်ချိန်လုံး သားဖြစ်သူကို လင်မယားနှစ်ယောက် စိုက်ကြည့်နေသော်လည်း သားဖြစ်သူက မိဘနှစ်ပါးကို တစ်ချက်မော့မကြည့်လာ။ သူလုပ်စရာရှိတာလုပ်ပြီးမှ  ခေါင်းငုံ့လျှက် ရို့ကျိုးစွာ ဧည့်ခန်းထဲ ၀င်လာသည်။ ထို့နောက် သူတို့နှစ်ယောက် ထိုင်နေသာ ဧည့်ခန်းအလယ် ကျွန်းစားပွဲကြီးရှေ့တွင် ဒူးစုံထောက်ချလာသည်။ 

""မျက်နှာမော့""

ဦးကောင်းစံရဲ့ အမိန့်စကားအဆုံးမှာ မော့လာသော မျက်နှာ။ ကိုယ့်သွေးက ပေါက်ဖွားလာသော ကိုယ့်သားဖြစ်သည့်အတွက်ကြောင့် မျက်နှာကို ကြည့်လိုက်တာနှင့် စိတ်ကို တန်း scan ဖတ်မိသည်မှာ သူ့ထက် ကိုယ်က နှာတစ်ဖျားသာခြင်း။

အပြစ်လုပ်ထားလို့ ကြောက်လန့်ခြင်းအလျဉ်းမရှိ။ ဖြစ်လာမည့်အရာကို ကြိုတင်တွက်ဆပြီး လုပ်ချင်တာ လုပ်လာသော ဒီဇိုင်းနှင့် သားမင်းမြတ်က သူ့အမိန့်ကို နာခံဖို့အသင့်။

Waking Love UPWhere stories live. Discover now