EP-16

42.8K 4.1K 654
                                    

""ဒေါ်ဒေါ် .. ကြာဇံသုတ် ချဉ်ငံစပ် အငံပိုထည့် အချဉ်လျှော့ အစပ်မနည်းမများ .. မုန့်ဟင်းခါး ပဲသီးမထည့် နံနံပင်ထည့် ငှက်ပျောဥနဲ့ကြက်သွန်ဥများများ ပဲကြော်တစ်ခု ငါးဖယ်သုံးခု အိုးဘဲဥ ၀မ်း . စားလို့ရသမျှ အကုန်ထည့်.. မြန်မြန် မြန်မြန် ဗိုက်ဆာနေပြီ""

""အေးအေး သားလေး ပုံမှန်အတိုင်းပဲ လုပ်ပေးမယ်လေ။ ထိုင်ဦး .. အဒေါ်လက်မအားသေးလို့""

ဆိုင်ထဲက ထိုင်ခုံမှာ ၀င်မထိုင်ရသေး။ မြေပဲကြက်ဥ၀ါးနေသော ကြည်နူးပါးစပ်မှာ တစ်ဆိုင်လုံးကိုလွှမ်းမိုးနိုင်သော အသံဖြင့် ရေကရားရေလွှတ်သလို တစ်တောတ်တောတ်ပြောသွားသည်။ ကျောင်းဆင်းချိန်ဖြစ်တာကြောင့် ဆိုင်ထဲလူကျနေသည်။ ဆိုင်ရှင်အဒေါ်ကြီးလည်း လက်မအား။ မှာထားတာကို စောင့်နေရင်း စားပွဲပုလေးပေါ်က ဓာက်ဗူးထဲမှ ရေနွေးကို အဖန်ရည်ခွက်ထဲ ပြောင်းထည့်နေတုန်း ကြည်နူးလက်မောင်းကို ဆောင့်ဆွဲခြင်းနှင့်အတူ

""သွားမယ်လာ""

""ရှင်းရတုဒီပါ!""

ဒီပါက ကြည်နူးရဲ့လက်မောင်းကို အမိအရဖမ်းဆွဲလျှက် ထိုင်ခုံပုလေးမှာ ထိုင်နေသော ကြည်နူးကို အတင်းဆွဲထူနေသည်။

""ဘာဖြစ်နေတာလဲ .. ငါဗိုက်ဆာလို့ပါဆိုနေမှ .. မှာထားတာစားပြီးမှ မင်းအနောက်ကို လိုက်မယ်""

ကြည်နူးပဲလေ .. အစားအသောက်နဲ့ ပတ်သက်လာရင် ကမ္ဘာပျက်နေသည်ဆိုရင်တောင် မှာထားသည့်အစားကို အရင်ကုန်အောင် စားပြီးမှ ပြေးမဲ့လူစားမျိုး။

""ဒီဆိုင်မှာ မစားနဲ့ .... ဒီဆိုင်က မသန့်ဘူး.. ရောဂါဖြစ်လိမ့်မယ်""

ဆိုင်ရှင် နှင့် အခြားသူတွေကြားမှာစိုးလို့  ကြည်နူးနေနိုင်နားရွက်နားလေးကို ကပ်ကာ ခပ်တိုးတိုးပြောပြီး အတင်းဆွဲခေါ်သည်။ ကြည်နူးက ထိုအခါမှ ရတုကို မျက်စောင်းထိုးကာ ရတုကိုင်ဆွဲထားသော လက်မောင်းကို ရုန်းဖယ်သည်။

""ဘာများလဲလို့ .. မင်းတို့တွေကလေ တော်တော် သောက်ကြီးသောက်ကျယ် နိုင်တဲ့အမျိုးတွေ""

အဖန်ရည်ထည့်ထားသော ရေနွေးခွက်ကို မဲ့ကာ ရွဲ့ကာနှင့် ရတုကို မျက်စောင်းထိုးသောက်နေပုံက ရှေးအဘိုးကြီးအိုပေါက်စလေးနှင့် တူနေသည်။ ရတုက နှာခေါင်းရှုံ့ကာ 

Waking Love UPWhere stories live. Discover now