EP-43

35.8K 3.6K 1K
                                    

ကိုယ့်အိမ်ရှေ့တည့်တည့်မရောက်သေးပဲ တုန့်ခနဲရပ်သွားသော ဆိုင်ကယ်ကြောင့်

""ဟင် .... ဒီအိမ်မဟုတ်ဘူးလေ .. ရှေ့ သုံးအိမ်ကျော်မှာ""

 ရတုက ကြည်နူးစကားမှာ အာရုံမရှိ။ ရတုစိုက်ကြည့်နေသော အရှေ့ကို ကြည်နူးယောင်တောင်တောင် လိုက်ကြည့်မိသည်။ သူတို့ဆိုင်ကယ်အနားကို လျှောက်လာသော မင်းမြတ်။

""ကိုကို!""

မန်းလေးသွားနေသော မင်းမြတ် ကိုယ့်အိမ်နားရောက်လာမယ်လို့ ကြည်နူးမထင်ထားတာကြောင့် အံ့သြသွားသည်။ ရတုဆိုင်ကယ်ပေါ်မှ ကြည်နူးဆင်းကာ မင်းမြတ်ဘေးကို ရောက်သွားသည်။

မင်းမြတ်က အနားကိုရောက်လာသော ကြည်နူးကို အနီးကပ်ဆွဲယူပြီး ကြည်နူးမျက်နှာတစ်ဝိုက်ကို နှာခေါင်းတရှုတ်ရှုတ်ဖြင့် အနံ့ခံလာသည်။ လည်တိုင်တစ်လျှောက်၊ နားရွက်နှစ်ဖက်၊ နားထင်၊ အင်္ကျီ၊ ဆံပင်တွေကြားထိ မင်းမြတ် အနံ့ခံသော်လည်း ငါးပိနံ့နှင့်ချွေးနံ့ကလွဲ ထူးခြားသည့်အနံ့ကို မရတာကြောင့် သက်ပြင်းချမိသည်။

တော်သေးတယ် ... မူးယစ်ဆေးတွေ မသုံးထားလို့။

(AN/ နမ်းတာမဟုတ်ပါ။ အနံ့ခံရုံဖြစ်သည်။)

အဆက်အစပ်မရှိ ... မင်းမြတ်ရဲ့ လုပ်ရပ်ကို ကြည်နူး ကြောင် သွားသည်။ ကိုယ်က အမှားလုပ်မိသူဖြစ်တော့လည်း ပြန်မမေးရဲ။

""ကိုကို ဒီနေ့ပြန်ဖြစ်တယ်ပေါ့ .. အဆင်ပြေခဲ့လား .. ဘာတွေပါလဲ""

အားတတ်သရော ၀မ်းပန်းတသာ ကြည်နူးရဲ့အမေးအတွက် မင်းမြတ်ရဲ့ အကြည့်စူးစူးတစ်ချက်ကိုသာ ပြန်ရလိုက်သည်။ မင်းမြတ်က ဘာမပြောညာမပြောနှင့် ရုတ်တရက် ကြည်နူးကို ပိုက်လျှက် ပခုံးပေါ်ထမ်းလိုက်သည်။

ထင်ထားတာ ကြည်နူးကိုယ်ဆွေ့ခနဲ ပါလာမယ်ပေါ့ .....

""အ!""

ကမ္ဘာ့ဆွဲငင်အားကြောင့် ခန္ဓာကိုယ် တစ်တစ်လျစ်လျစ် အလေးချိန်စီးစီးကြီးက ချီမ,ပေမဲ့ အလွယ်တကူပါမလာ။ မနိုင်ဝန်ကို ထမ်းမိသော မင်းမြတ်ရဲ့မချိမဆန့် ဝေဒနာအံကြိတ်သံသာ ထွက်လာသည်။

Waking Love UPWhere stories live. Discover now