EP-38

34.1K 3.5K 1.1K
                                    

အချိုပွဲအတွက် မမှာပေမဲ့ ပါလာသော တစ်ခုတည်း သီးစုံရေခဲမုန့်။

""ဟင် .... ရေခဲမုန့်""

ကြည်နူးစကားကြောင့် အာရာရားနှင့်ရတု မျက်လုံးပြူးထွက်သွားသည်။

""အဲ့ဒါ ငါမှာထားတာ""

အသံနှင့်အတူ ရတုလက်လှမ်းပေမဲ့ မမှီ။ Waiter လက်ထဲမှ ရေခဲမုန့်ကို ကြည်နူးက အရင်ဦးအောင် ဖြတ်ယူသွားသည်။

""မပေးဘူး... ဒါင့ါဟာ""

ထမင်းပွဲက ရန်ငြိုးမပြေသော ကြည်နူးက နှုတ်ခမ်းတလန်ပန်းတလန်နှင့် တုန့်ပြန်သည်။ ရင်ခွင်ထဲမှာ ပွေ့ပိုက်ထားပုံက ပြန်မရနိုင်မှန်း သိလိုက်သည်။

အာရာရားကို ရတု မ၀ံ့မရဲကြည့်တော့ အာရာရားကလည်း တူညီသောအဓိပ္ပာယ်နှင့် ရတုကို ပြန်ကြည့်နေသည်။

မင်း အဲ့ဒါကို Cancel လုပ်ပြီးပါပြီနော်....

--------

မျက်နှာချင်းဆိုင်မှာထိုင်နေသော ရတုနှင့်အာရာရားက ကြည်နူးရေခဲမုန့်ကို စားချင်လွန်းလို့ ထင်ပ။  အရှေ့တည့်တည့်တွင် သနားဖွယ် သရေထိန်းလျှက် ထိုင်မျှော်နေသည်။ ပါးစပ်ထဲ သစ်သီးစိတ်တွေကို ထည့်နေပေမဲ့အကြည့်တို့က ကြည်နူးလက်ထဲက ရေခဲမုန့်ပန်းကန်မှာသာ ရှိနေသည်။

ကောင်ရှင်းနေရာမှာ အခြားသူဖြစ်ရင် ကြည်နူးမျှဝေခွဲကျွေးမိမှာအမှန်။

အခု ကောင်ရှင်းဖြစ်နေတော့ ... ဟင်းဟင်း တွေ့ကြသေးတာပေါ့ .. ကောင်ရှင်းရယ်။ ငါ့ကို ထမင်းစားတုန်းက လိုက်နှောက်ယှက်ခဲ့တဲ့ကောင်။

MRTV_4မှ ဦးဦးကောင်းထက်ဇော်အတိုင်း ကြည်နူးက ရေခဲမုန့်ကို  လျှာတစ်လစ်တစ်လစ်နှင့် အရသာခံကာ အသဲယားဖို့ကောင်းအောင် စားပြသည်။ ဘေးမှာ မင်းမြတ်ရှိနေလို့ သိပ်လဲ မယွရဲ။

ရေခဲမုန့်ပန်းကန်ထဲ ကြည်နူးဇွန်းတစ်ချက်တစ်ချက် ခတ်တိုင်း အာရာရားနဲ့ရတုခေါင်းပေါ် ဆယ်ပေါင်တူနှင့် တစ်ချက်ထက် တစ်ချက် ပိုတိုးအထုခံရသလို ခေါင်းကြိမ်းရသည်။

သူတို့ရုပ်ပျက်နေတာကို သူတို့ကိုယ်တိုင်လဲ သတိမထားမိ။ ဟန်ကိုယ့်ဖို့လည်း မနေနိုင်။ ကိုယ့်အပူကိုယ်သာသိ။

Waking Love UPWhere stories live. Discover now