EP-48

30.7K 3.2K 1K
                                    

ဆေးရုံကို ဘယ်လိုရောက်လာမှန်း မသိအောင် ရတုစိတ်လောနေခဲ့သည်။ Receptionမှာ အသဲအသန်စုံစမ်းပြီး အခု ရတီ့အခန်းရှေ့ရောက်နေပြီ။ အခန်းထဲမ၀င်သေးပဲ အခန်းရှေ့မှာ သူရပ်နေတာ အချိန်တစ်ခဏမဟုတ်။ တံခါးလော့ကို ကိုင်ထားပေမဲ့ တံခါးကို မဖွင့်မိ။

ရတီ့အပေါ် တာဝန်မကျေခဲ့တဲ့စိတ်၊ ရတီ့ကို လျစ်လျူရှုခဲ့မိလေခြင်း အပြစ်တင်စိတ်၊ ရတီ့ကို အားနာစိတ်တို့က ရတုကို အခန်းထဲမ၀င်နိုင်အောင် ဖိစီးနေသည်။

ရတီ့ သူ့ကို စောင့်နေမှာ .... ရတီ့ကို ဂရုမစိုက်မိတဲ့နေ့တွေမှာ ရတီခဗျ သူ့ကို မျှော်လင့်ခဲ့ရှာမှာ။ နဂိုထဲက Crushခံ အချေလူတန်းစားမို့ မာနမလျှော့နိုင်ပဲ တင်းခံနေရတာ ရတီ စိတ်ပင်ပန်းခဲ့မှာပဲ။

ရတု တံခါးလော့ကို ကိုင်ထားစဉ် အခန်းထဲမှ ရုတ်တရက် တံခါးဖွင့်လိုက်တာနှင့် ကြုံသွားသည်။

""ဟော .. ရတုပါ့လား .. လာလေ .. သား .. အထဲဝင်။ မင်းသူငယ်ချင်းနဲ့ စကားများထားလို့ အခုမှ ရောက်လာတာလား""

လောကွက်ပျူငှာစွာ ကြိုဆိုနေသော ရတီ့အမေ့ကို သူအရိုအသေပြုသည့်အနေနှင့် ရို့ကျိုးစွာ ခါးကိုင်း နှုတ်ဆက်လိုက်သည်။ 

 ကုတင်ထက်မှ ရတီက သူ့ကိုလှမ်းကြည့်နေသော အကြည့်တွေမှာ ၀မ်နည်းခြင်း၊ တမ်းတခြင်း၊ လွမ်းဆွတ်ခြင်းများနှင့်။

""မာမီအလုပ်ကိစ္စနဲ့ ဖုန်းပြောစရာရှိလို့ ရတီလေးနဲ့ ခဏနေပေးနော် သား""

""ဟုတ်ကဲ့ မာမီ .. စိတ်ချသွားပါ""

ရတီ့အမေက အခန်းထဲက ထွက်သွားသည်။ အခန်းထဲမှာ ရတီနှင့်ရတုနှစ်ယောက်သာ ကျန်ရစ်သည်။ ရတီအနားကို ရတု လျှောက်သွားသည်။ ကုတင်ခြေရင်းမှာ ရတု ရပ်လိုက်သည်။ ရတီက ရတုကို အားဖျော့ဖျော့ စိုက်ကြည့်နေသည်။

""အခုဘယ်လိုနေသေးလဲ""

ဒါက လူနာလာမေးရင် ပြောရမဲ့ အလ္လာဘသလ္လာဘ စကားမျိုးလား ....

တချိန်က ရတုမှာ အခုလို အေးအေးဆေးဆေးရပ်ပြီး စကားသက်သက် ဂရုစိုက်မှု့ကို လုပ်ပြနေမည့်သူမဟုတ်။ ရတီဖြစ်လေခြင်းနှင့် မဆိုင်သောလူ၊ ဆိုင်သောလူ မသိ။ အကုန်လုံးကို သိမ်းကြုံးကြိမ်းမောင်းကာ ရတီ့ကို ပဲ့ကြွေသွားတော့မည့်အလား အနုအရွများနှင့် စိုးရိမ်တကြီး ပူပန်မှု့များဖြင့် ကိုယ်ထိလက်ရောက် သဲသဲလှုပ် ဂရုစိုက်သည့်လူမျိုး .....

Waking Love UPWhere stories live. Discover now