EP-25

39.6K 4.2K 1.1K
                                    

မင်းမြတ်ကမှန်ပြတင်းကို ခေါင်းမှီလျှက် လက်ပိုက်ကာ မျက်လုံးမှိတ်ထားသည်။ ကားပေါ်မှာ လူရှင်းသွားသည့်တိုင် မင်းမြတ်က သူ့ဘာသာသူနေသည်။ ကြည်နူးကို အဖက်ရောအရေရော မလုပ်။

လူအကောင်လိုက် ငုတ်တုတ်ကြီးရှိနေတာကိုများ မေ့သွားသလား ...

""ဟို .... မင်းမြတ် .. ငါ .. ငါ မင်းဘေးမှာ ထိုင်လို့ရမလား""

ကြည်နူး အရဲစွန့်မေးမိသည်။

""မထိုင်နဲ့""

""ဟင်!""

မင်းမြတ်ရဲ့ ခပ်ပြတ်ပြတ်စကားကြောင့် ကြည်နူး မျက်နှာ ဇီးရွက်သာသာရှိတော့သည်။ ကားထဲမှာ တိတ်ဆိတ်သွားပြီး မိနစ်အနည်းငယ်ကြာတော့ .. 

""ဒီဖက်က နေ ထိုး တယ် .. ငါမင်းဖက်ကို လာခဲ့မယ်""

ကားလိုက်ကာစကို ဆွဲဖယ်ကာ မင်းမြတ်က နေထိုးကြောင်း ကြည်နူးနေနိုင်ကို သက်သေပြသည်။ ထို့နောက် လိုက်ကာစကို ပြန်ဆွဲပိတ်လိုက်သည်။

လိုက်ကာစပိတ်ထားရင် နေရောင်ကို ကာကွယ်နိုင်ပါတယ် ...

ကြည်နူးမပြောမိ .. တော်ကြာ ဟုက်သားပဲ ဆိုပြီး ပြန်ထိုင်နေရင် ဒုက္ခ ..

မင်းမြတ်က ကြည်နူးဘေးခုံကို ရောက်လာသည်။ ကြည်နူးကို တစ်ချက် ခြေဆုံးခေါင်းဆုံးကြည့်ပြီး ထိုင်ခုံမှာ ၀င်ထိုင်သည်။ နောက်ကိုမှီ လက်ကိုပိုက်ကာ မျက်လုံးမှိတ်သွားသည်မှာ ဘာအသံမှ မထွက်။ မင်းမြတ်အိပ်နေတာ အနှောက်အယှက်ဖြစ်မှာစိုးလို့ ကြည်နူး ငြိမ်ငြိမ်လေး နေနေသည်။

နောက်မှီပြီး မျက်လုံးမှိတ်ထားသော မင်းမြတ်မျက်နှာက အိပ်ရေးမ၀ပဲ အိပ်ရာထစ မလန်းမဆန်းဖြစ်နေသည်။ အရင်လို သေသေသပ်သပ် ပုံသွင်းဖီးလိမ်းထားသော ဆံပင်မဟုက်။ အိပ်ရာထဲက ကပိုကရို ထ လာပုံ ဖြစ်သည်။ မင်းမြတ်ကိုယ်က ရနေကျ အနံ့သင်းသင်းလေးမှာ ညှီစို့စို့အနံ့ကို ရနေသည်။

မင်းမြတ်နေမကောင်းဖူးလား .. အန်ထားတာလား...

မင်းမြတ်ကို မြင်တွေ့ရတဲ့တစ်လျှောက် အခုအကြိမ်မှာ မင်းမြတ်ပုံက နွမ်းလျှနေသည်။ တစ်ညလုံးမအိပ်ထားဟန် မျက်ကွင်းနှစ်ဖက်ညိုနေသည်။ မျက်ခွံက မှည့်လေးက မြင်ဖူးခဲ့သည့်အတိုင်း တင်ကျန်နေတုန်း ..

Waking Love UPWhere stories live. Discover now