အပိုင်း - ၁
ချမ်းအေးလွန်းတဲ့ ဆောင်းရာသီနံနက်ခင်းမှ ထွက်ပေါ်လာတဲ့ နေရောင်ခြည်နွေးနွေးလေးကို ခံစားရင်း ရတနာပုံတက္ကသိုလ် သို့ ကျွန်တော်ရောက်ခဲ့တယ်။
ကျွန်တော့်အမည်က "လရောင်သွေး"ပါ။ကျွန်တော့်က ပြင်ဦးလွင်သား တစ်ယောက်။ E major first year ကျောင်းသား။ကျွန်တော်က တချို့ ယောကျာ်းလေးတွေလို Smart မကျဘူး။ချောလည်းမချောဘူး။ ကျွန်တော်က ချစ်ဖို့တော့ကောင်းတယ်။ကျွန်တော့်မိဘတွေအကြောင်းလား?
ဖေဖေက အမည်ကြီး ခွဲစိတ်ဆရာဝန်ကြီး ဦးသွေးသစ်+မေမေက ဒေါ်လရောင်ခြယ်။ ပြင်ဦးလွင်မှာတော့ ကျွန်တော်တို့က အမည်ကြီးတဲ့ သူတွေပေါ့။ အချစ်ရေးက အခုထိ Single ပေါ့။ Single ဆိုပေမယ့် ကျွန်တော် Crush နေတဲ့ Doctor မမတစ်ယောက်ရှိတယ်ဗျ။ မမကအခုနိုင်ငံခြားမှာ ပညာတော်သင်သွားနေတာပေါ့။
ကျွန်တော် အခု အတန်းသွားရှာရအုံးမယ် ဘိုင့်ဘိုင့်နော်။သွေး"အတန်းရှာရတာမောနေပြီ။ အခုထိမတွေ့သေးဘူး။ကျောင်းကြီးကလည်းကျယ်လိုက်တာဟူး။တစ်ယောက်ယောက်ကိုမေးကြည့်မှဘဲ။ အရှေ့ကအုပ်စုကိုမေးကြည့်မယ်။"
လရောင်သွေးတစ်ယောက် ထိုအုပ်စုဆီသို့ခပ်မြန်မြန် လျှောက်သွားလိုက်တယ်။ ထိုအုပ်စုဆီရောက်တော့
သွေး "အကိုတို့...ဟို E major အဆောင်က ဘယ်နားမှာလည်း ခင်ဗျာ"
Boy pov:
အခု ကျွန်တော့်ရှေ့မှာရပ်နေတဲ့ အနှီးလူသားက နတ်သားလေးလား? တော်တော့်ကို ချစ်ဖို့ကောင်းတာဘဲ။ သူက ဘယ်သူလည်း။ ဘာလို့ ကျွန်တော့ နှလုံးခုန်နှုန်းတွေမြန်နေတာလည်း။မိန်းကလေးများစွာနဲ့ တွဲခဲ့တဲ့သူက အခု ဒီကောင်လေးနဲ့ ကြမှ ဘယ်လိုဖြစ်ရတာလည်း?Boy2 "ဟျောင့် သခင် "
ကျွန်တော်ဘယ်လောက်ထိစိုက်ကြည့်နေလည်းမသိဘူး ကျွန်တော့သူငယ်ချင်း လက်နဲ့ပုတ်တော့မှ သတိပြန်ကပ်တော့တယ်။အရှေ့ကကောင်လေးကတော့ နှုတ်ခမ်းကြီးစူနေတော့တာဘဲ။
YOU ARE READING
အရမ်းမုန်းသော်လည်း ချစ်ခဲ့သည် / အရမ်းမုန်းသော်လည်း ချစ်ခဲ့သ{Completed}