အရမ်းမုန်း​သော်​လည်း.....ချစ်​ခဲ့သည်​ (၄၈)
2.6K 124 5
အရမ်းမုန်းသော်လည်း...ချစ်ခဲ့သည်
အပိုင်း (၄၈)
သွေး "ဖေဖေ သား ဆေးရုံက ဆင်းချင်ပြီ"
ဦးသွေးသစ် "နေမှ မကောင်းသေးတာ သားရယ်။ နောက်ထပ် ၂ ရက်လောက် ဆက်နေပါအုံး"
သွေး "ဟွန့် မနေချင်ပါဘူး။ နောက်တစ်ပတ်ဆို စာမေးပွဲ ဖြေရတော့မယ်။ အခုထိ ဘာစာမှ မရသေးဘူး။ အာကြောင့်ပါ ဖေဖေ နော် နော် နော်"
နှုတ်ခမ်း တထော်ထော်နဲ့ ပြောနေတဲ့ သားဖြစ်သူကို ကြည့်ပြီး ဦးသွေးသစ် တို့ လင်မယားရယ် ဦးစပ်ဝိခွန်ပါ့ တို့ မရယ်ဘဲ မနေနိုင်။
ဦးသွေးသစ် "ဟုတ်ပါပြီ ဗျာ ဖေဖေ ဆရာဝန်ကြီး နဲ့ သွားတွေ့လိုက်အုံးမယ်။"
သွေး "ဟုတ် ဖေဖေ။"
ဖေဖေ ထွက်သွားတော့ မေမေ က လူဆိုးလေး ဆိုပြီး ဆံပင်တွေကို ဖွသွားတယ်။
ဦးစပ်ဝ် " သားသား ဆေးရုံက ဆင်းရင် ပါပါးအိမ်မှာဘဲ လိုက်နေနော်။ အစ်မတို့လည်း ကျွန်တော်အိမ်မှာဘဲ လာတည်းပါဗျာ။"
သွေး "ဟုတ် ပါပါး။ ပျော်စရာကောင်းမှာဘဲလေ။ သားက ပါပါးကိုလည်း ချွဲ လို့ရမယ်။ ဖေဖေနဲ့ မေမေ ကိုလည်း ချွဲလို့ရမယ်။ ကိုကြီး ကိုကျတော့ ရမှာ မဟုတ်ဘူး။"
ဦးစပ်ဝ် "ဘာလို့လည်း ခွန်းလေး "
သွေး  "ကိုကြီး ချစ်သူရဲ့ သားသား ရန်ဖြစ်ရမှာပေါ့။"
သွေး အပြောကြောင့် ဦးစပ်ဝ်ခွန်ပါ့ နဲ့ ဒေါ်လရောင်ခြယ် တို့ အားရပါးရ ရယ်လိုက်ကြသည်။
ခနနေတော့ ဖေဖေ နဲ့ ဆရာဝန်ကြီး ဝင်လာပြီး သွေးကို စစ်ဆေးစရာစစ်ဆေးသည်။
"ကျန်တာတော့ အားလုံးကောင်းပါတယ်။ ဒဏ်ရာကို တစ်နေ့ ၃ ကြိမ် ဆေးထည့်ပေးဖို့တော့ မမေ့နဲ့။ နောက် ၃ ရက်နေရင် ချုပ်ရိုးဖြည်လို့ရပြီ။"
ဦးသွေးသစ် "ဟုတ်ကဲ့ပါ ဆရာ ကျေးဇူးပါဗျာ"
"ဟ ကိုသွေးသစ်ကတော့ နောက်တော့မယ်။ အချင်းချင်းကို။ လရောင်သွေး ကို အခုမှ ကိုသွေးသစ် သားမှန်းသိတာ။ စောစောက သိရင် VVIP အခန်းမှာ ထားပေးပါတယ်ဗျာ။"