အပိုင်း 💖၂၈💖
ဒီနေ့ပိုး ရဲ့ မင်္ဂလာဆောင်နေ့။ ကျွန်တော် မနေ့ည ကတည်းက ပြန်ရောက်နေတာ။ ကလေးကို တွေ့ချင်လွန်းလို့ ညကတည်းက ကလေးရဲ့ တိုက်ခန်းမှာ လာစောင့်နေတာ။ ပိုး မင်္ဂလာဆောင်က ၉ နာရီစမှာ။ အခု ၇း၃၀ နေပြီ။ ခနနေတော့ ကလေးရယ် ဇွဲရယ် ထက်ရယ် ဆင်းလာကြပြီ။ ဇွဲ က ကျွန်တော်ကို မြင်သွားတော့ လာဖို့လုပ်နေတယ်။ ကျွန်တော်က မလာဖို့ ခေါင်းရမ်းပြလိုက်တယ်။ ကလေးက ကျွန်တော့်ကို မတွေ့ချင်ဘူးလေ။ ကျွန်တော်ကတော့ ခိုးပြီးကြည့်ရမှာဘဲ။သူတို့ လက်ဆောင်သွားဝယ်တော့လည်း ဂုပ်ဖျက်ပြီး နောက်ကနေ လိုက်ချောင်းနေရတယ်။လှည့်ကြည့်ရင်လည်း ဦးထုပ်ကို ခပ်ငိုက်ငိုက် မြန်ုန်ြဆောင်းရတယ်။ ကျွန်တော့် ခြေထောက်လည်း မကြာခင် တိုတော့မယ်။ ငဇွဲ ကျွန်တော် လိုက်လာမှန်းသိလို့ တစ်ဆိုင်ပြီး တစ်ဆိုင် ပတ်နေတာ။ မင်း ပြီးမှတွေ့မယ်။
"မင်းရဲ့ကျမှ မလုပ်ဖူးတာတွေ လုပ်နေရပြီ ကလေးရယ်။"
ကျွန်တော် ဟိန်း အတွက် လက်ဆောင်ရွေးနေတုန်း တစ်ယောက်ယောက်က စိုက်ကြည့်နေသလို ခံစားရလို့ လှည့်ကြည့် လိုက်တော့ ကိုကို။ ကျံန်တော် မြင်မှာ ကြောက်ပြီး ခေါင်းထုပ်ကို ဆောင်းထားပြီး ဟိုပစ္စည်းကိုင် ဒီပစ္စည်းကိုင် လုပ်နေတယ်။ ကျွန်တော့်များ ငတုံးများမှတ်နေလားမသိဘူး။ သူ့အရပ်က လူကြားထဲမှာ မိုးထိုးနေတာလေ။ အဲ့တော့ မမှတ်မိဘဲ နေမလား။ ကျွန်တော်တို့ လက်ဆောင် ဝယ်ပြီးတော့ ဟိန်း တို့ရှိနေတဲ့ ခန်းမ ကို ထွက်လာခဲ့ကြတယ်။
.....................
မိက်ကပ်လိမ်းတဲ့ အခန်းထဲတွင်တော့ ဟိန်း တစ်ယောက်ကြောင့် ပိုး ကို အလှပြင်နေတဲ့ မာမီတွေ ဒေါသထွက်နေသည်။ဟိန်း "ဟာ မာမီ ဒီမှာကြည့်အုံး မျက်လုံးပေါ်တင်ထားတဲ့ အရောင်က အရမ်းဆိုးတယ်။ Eye liner ကလည်း အရမ်းထူနေတယ်။ နှုတ်ခမ်း နီကလည်း အရောင်တောက်လွန်းတယ်။"
![](https://img.wattpad.com/cover/145236834-288-k310989.jpg)
CZYTASZ
အရမ်းမုန်းသော်လည်း ချစ်ခဲ့သည် / အရမ်းမုန်းသော်လည်း ချစ်ခဲ့သ{Completed}