အပိုင်း (၈)
သုတ pov :
ကျွန်တော်တို့ သခင့်အိမ်ရောက်တော့ ကျွန်တော်နဲ့ ကို က တစ်ခန်းထဲ အတူတူဘဲ နေကြတယ်။ ကို က လန်းသွားအောင် ရေချိုးမယ်ဆိုပြီး ရေချိုးခန်းထဲ ဝင်သွားတယ်။ ကို ရေချိုးပြီး ဝတ်ဖို့ အတွက် ညအိပ်ဝတ်ဆုံလေး ထုတ်ထားပေးလိုက်တယ်။ ၁၅ မိနစ်လောက်နေတော့ ကို ထွက်လာခဲ့တယ်။ အပေါ်ပိုင်း ဗလာကျင်းနဲ့ အောက်ပိုင်းက Towel တစ်ခု တည်းဘဲ ရှိတယ်။ ကို့ကို ကြည့်လိုက်တော့ ပြုံးစိစိနဲ့။ အမြင်ကတ်လိုက်တာ။ ငသု ရေ အဲ့တာ မင်းအမှားဘဲ။ ငါသိနေတယ်နော်။ကျွန်တော် ကိုယ့်ဘာသာ အတွေးတွေ ရပ်လိုက်ပြီး ရေချိုးခန်းထဲ တန်းဝင်သွားတယ်။ ခုန်နေတဲ့ ရင်ကိုလည်းဖိထားရတယ်။ အသက်ကိုဝဝရူသွင်းပြီး ခနနေမှ ရေချိုးလိုက်တော့တယ်။ ကျွန်တော်ရေချိုးခန်းထဲက ထွက်လာတော့ ကိုယ်က အိပ်ပျော်နေပြီလေ။ ကျွန်တော်လည်း အဝတ်အစားမြန်မြန်ဝတ်ပြီး ကို့ ရဲ့ ဘေးနားမှာဘဲ ဝင်လှဲလိုက်တယ်။ ပြင်ဦးလွင် ဆောင်းကတော်တော်အေးတယ်ဗျာ။ ရေနွေးနဲ့ ချိုးတာတောင် ဒီလောက်အေးတာ။ရေအေးနဲ့ ဆိုရင် လေဖြတ်လောက်တယ်ဗျာ။ ကျွန်တော်တွေးရင်း အိပ်မလို့ကြံခါမှ ကို့က ရုတ်တရက် လှမ်းဖက်ပြီး ကျွန်တော့်ကို အပေါ်ကနေ အုပ်မိုးကြည့်နေတယ်။ အမယ်လေး ရင်တွေ ခုန်လိုက်တာ။ ကို့မျက်နှာက တဖြည်းဖြည်း ကျွန်တော့် မျက်နှာနားကပ်လာတယ်။ ကို့က နဖူးကို စနမ်းတယ်။ပြီးတော့ ပါး၂ဖက်ကိုနမ်းတယ်။ပြီးတော့ မေးစေ့ကိုနမ်းတယ်။ အနမ်းတွေကို ခနရပ်လိုက်ပြီ ကျွန်တော် မျက်လုံးတွေကို သေချာ စိုက်ကြည့်ပြီးဖြိုး "ချစ်တယ် သု။ ကိုယ်ကမ္ဘာမှာ သုကိုသာ အချစ်ဆုံးဘဲ။ သု ကို့ကို ထားမသွားရဘူးနော်။အချစ်ကလေး"
သု "သု လည်း ကို့ကို အရမ်းချစ်တယ်။ ကိုလည်း သု့ကို ထားမသွားရဘူးနော်။"ကျွန်တော်စကားလုံးဆုံးရော ကိုက ကျွန်တော့် အပေါ်နှုတ်ခမ်းပါးလေးကို တစ်လှည့် အောက်နှုတ်ခမ်းပါးလေးကို တစ်လှည့် ဆီ နမ်းနေတယ်။ ကျွန်တော်လည်း ကို့ကို ဖက်သွယ်ရင်း ကို့အနမ်းတွေကို ပြန်လည် တုံ့ပြန်ပေးလိုက်တယ်။ အနမ်းတွေက တဖြည်းဖြည်း အနမ်းတွေ ကြမ်းလာပြီး ကို ခေါ်ဆောင် အချစ်ကမ္ဘာဆီသို့ အလည်ရောက်သွားတော့သည်။(သာသာ ဘာမှမသိဘူးနော်🙈🙈🙈)
YOU ARE READING
အရမ်းမုန်းသော်လည်း ချစ်ခဲ့သည် / အရမ်းမုန်းသော်လည်း ချစ်ခဲ့သ{Completed}