အရမ်းမုန်းသော်လည်း......ချစ်ခဲ့သည်
အပိုင်း (၃၃)
မနက်ခင်းရဲ့ အလှကို ချစ်ရသူလေးနဲ့ တွဲမြင်လိုက်တော့ ပိုတောင်လှပသွားသည်။ မိမိလက်မောင်းပေါ်မှာ အိပ်ပျော်နေတဲ့ ချစ်ရသူလေးရဲ့ မျက်နှာကို ဘယ်လောက်ကြည့်ကြည့်ကြည့်မဝ။ နဖူးပေါ်မှာ ကျနေတဲ့ ဆံပင်လေးကို သပ်ပေးလိုက်သည်။ ကြည့်နေရင်း စိတ်မထိန်းန်ိုင်လို့ ချစ်ရတဲ့ရဲ့ နှုတ်ခမ်းပါလေးကို အနမ်းတစ်ပွင့်ခြွေချလိုက်သည်။
အွန်း.....အူး....
ဖြိုး "နိုးပြီလား အိပ်ပုတ်လေး"
သု "နိုးပြီ ကို..."
ဖြိုး "ထတော့ မျက်နှာသစ်ရအောင်။"
သု "ချီပေး"
အားရိုး ....ဘယ်လိုတွေဆွဲဆောင်နေတာလည်း။
ဖြိုး "ဟုတ်ပါပြီဗျာ။ လာ ကို ချီမယ်"
ဖြိုး သုတ ကို ချီပြီးရေချိုးခန်းထဲခေါ်သွားသည်။ သွားတိုက်တံမှာ သွားကိုကိဆေးထည့်ပြီး ကိုယ်တိုင်တိုက်ပေး၊ ကိုယ်တိုင်မျက်နှာသစ်ပေး နဲ့။ သုတကို အကုန်လုပ်ပေးပြီးတော့ သူလည်းသွားတိုက်မျက်နှာသစ်ပြီး သုတကိုပြန်ပွေ့ချီပြီးရေချိုးခန်းထဲမှ ထွက်လာသည်။
ဖြိုး "ချစ်"
သု "ဗျာ ကို"
ဖြိုး "ဒီရက်ပိုင်း ကို့ကြောင့်ချစ်ပင်ပန်းရပြီ။ ပြီးတော့ ဝိတ်လည်းကျသွားတယ်။ ဒီနေ့က စပြီး အစားတွေ အများကြီး စားရမယ်နော်။"
သု "ဟုတ်ကဲ့ပါဗျ။ ကို စကားဆို ချစ်က တသွေမတိမ်းလိုက်နာမှာ။"
ဖြိုး "အရမ်းချစ်လိုက်တာ ချစ်ရယ်။"
သု "ချစ်က ပိုချစ်တယ်။"
ဖြိုး အပြုံးလေးနဲ့ပြောနေတဲ့ ချစ်ရသူကို ရင်ခွင်ထဲထည့်ပြီးဖက်ထားလိုက်သည်။
ဖြိုး "ချစ်ကိုတို့ မန္တလေးပြန်ရောက်ရင်ချစ်ဖေဖေ နဲ့မေမေ ကိုသွားတွေ့ရအောင်။"
ВЫ ЧИТАЕТЕ
အရမ်းမုန်းသော်လည်း ချစ်ခဲ့သည် / အရမ်းမုန်းသော်လည်း ချစ်ခဲ့သ{Completed}