ဖြိုး pov:
ကျွန်တော်နိုးတော့ ခေါင်းက အရမ်းထိုးကိုက်နေတယ်။ ဘေးကိုကြည့်လိုက်တော့ အချစ်ကလေးက အိပ်နေလိုက်တာ။ ချစ်စရာလေး။ ကျွန်တော်သူ့ကို ပိုတိုးပြီး ဖတ်ထားလိုက်တယ်။ သူလည်းကျွန်တော် ရင်ခွင်ထဲ အတင်းတိုးဝင်လာတယ်။ဖြိုး "ချစ် ထတော့လေ ။ ကိုတို့ပြန်ရအောင်"
သု "ပြန်ချင်သေးဘူး။ အိပ်ချင်သေးတယ်။ ပြန်ချင်ရင် ခင်ဗျားဘာသာပြန်"
အိုးဘယ်လိုတောင် ချစ်ဖို့ကောင်းတာလည်း။
ဖြိုး "ချစ် ကို့ကို လာမြူဆွယ်မနေနဲ့နော်။ ကို စိတ်မထိန်းနိုင်ရင် ချစ် ဘဲ နာမှာနော်"
Yarrrr.....ဒီလူကြီး ဘာတွေပြောနေတာလည်း။ တကယ်ဘဲ ရှက်ပါတယ်ဆို။
သု "ကိုနော် ဘာတွေပြောနေတာလည်း။ တော်ပြီ လာမခေါ်နဲ့တော့။ " ကျွန်တော်ပြောပြီး တစ်ဖက်လှည့်အိပ်လိုက်တယ်။ ကိုက နောက်ကနေပြီး ခါးလေးကို ဖက်ပြီး သူ့ ရင်ခွင်ထဲ ဆွဲထည့်လိုက်တယ်။ ကို့ ရင်ခွင်က အရမ်းနွေးထွေးလွန်းတယ်။ ကို့ ကို သု မခွဲနိုင်ဘူး။ ဘာကိစ္စဘဲရှိရှိ ကိုနဲ့အတူ လက်တွဲပီး ရင်ဆိုင်မယ်လို့ သု ကတိပေးပါတယ် ကို။ ကျွန်တော် စိတ်ထဲမှာ ပြောရင်းနဲ့ ဘယ်ချိန် အိပ်ပျော်သွားလည်း မသိဘူး။
.............................................................
At Schoolကျောင်းထဲကို ခိုးကြောင်ခိုးဝှက်နဲ့ ဝင်လာသူ ကောင်လေးတစ်ယောက်။ ဟိုကြည့်ဒီကြည့်နဲ့။ မျက်မှန်အမည်းကြီး တပ်ထားပြီး ခေါင်းစွပ်အင်္ကျီကြီးဝတ်။ သူ့သူငယ်ချင်းတွေ လိုက်ရှာနေရင်း ကန်တင်းကို ရောက်လာသည်။ ကန်တင်းက ကျောင်းသား/သူတွေက ဝိုင်းကြည့်နေတယ်။ ပိုဆိုးတာ နေသခင် တို့ အဖွဲ့ပေါ့။
ဇွဲ "ဟျောင့်တွေ ဟိုမှာကြည့်စမ်း ကျောင်းဝင်းထဲ ဘာအကောင်လေး ဝင်လာတာလည်းမသိဘူး"
သု၊ဖြိုး၊သခင် "......."
နေသခင် pov:
ကျွန်တော် ကန်တင်းမှာ ကျီးကန်းတောင်းမှောက် ကလေးတို့ အုပ်စုကို လိုက်ရှာနေတယ်။ ဒီနေ့က တစ်ပတ်ပြည့်တဲ့နေ့လေ။ အဟက် ကလေးဆီက အဖြေရမယ့်နေ့ပေါ့။ ကျွန်တော်တွေးနေရင်း ငဇွဲ အသံကြောင့် ဆိုင် အဝင်ပေါက်ကိုကြည့်လိုက်တော့
လူကောင်က ပိန်ပိန်သေးသေးလေး ဝတ်ထားတာက သူ့ထက် ၂ ဆလောက်ရှိမယ့် အင်္ကျီကြီးဝတ်ထားတယ်။ မျောက်မှန် ကလည်း အကြီးကြီးတပ်ထားသေး။ ကျွန်တော် နာရီကြည့်လိုက်တော့ ၉ နာရီ ထိုးတော့မယ်။ အခုထိ ကလေးတို့ အဖွဲ့မလာကြသေးဘူး။
ESTÁS LEYENDO
အရမ်းမုန်းသော်လည်း ချစ်ခဲ့သည် / အရမ်းမုန်းသော်လည်း ချစ်ခဲ့သ{Completed}