အပိုင်း - ၁၅
နေသခင် pov:
ကလေးဆီက အဖြေရပြီးတော့ သူ့ကို သူ့ငယ်ချင်းအဖေတတ်နေတဲ့ ဆေးရုံကို ပို့ခဲ့ပြီး ငဇွဲ သို့ရှိထွက်လာခဲ့သည်။သွေး pov:
ကျွန်တော်ကို ဟိန်းအဖေ ရှိရာ ဆေးရုံကို ပို့ပေးပြီးပြန်သွားခဲ့တယ်။ ကျွန်တော်မှာ ရင်ဖွင့်စရာဆိုလို့ ဟိန်းတို့ဘဲရှိတယ်လေ။ သူတို့က ကျွန်တော်ရဲ့ Best Friend။
..........................................................
ဇွဲ pov :
ကျွန်တော့ နေသခင်တို့ထွက်သွားပြီးတော့ ပြူးကြောင်ကြောင်ကျန်ခဲ့တဲ့ ကလေးကို လက်ဆွဲ ပြီး အပြင်ကို ခေါ်ခဲ့တယ်။ အပြင်မှာ အေးအေးဆေးဆေးစကားပြောရအောင်ဆိုပြီး ရတနာပုံ တိရစ္ဆာန် ဥယျာဉ်ကို ခေါ်ခဲ့တာ ကျွန်တော်မှားသွားတယ်။ ကစားတောင်မပြောလိုက်ရဘူး။ တိရစ္ဆာန် တွေကို အစာကျွေး ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက် လုပ်နေတဲ့ ကလေးကို ကျွန်တော်မှာ လိုက်ထိန်းနေရတာ ချွေးတောင်ပြန်တယ်။ နေကလည်း တော်တော်ပူတယ်။ဟူး...ဇွဲ "ကလေးတော်ပြီ ကိုယ် ဗိုက်ဆာနေပြီ တစ်ခုခု သွားစားရအောင်"
ထက် "အာ ဟုတ်သားဘဲ။ သွားစို့ ကိုကို။"
အမယ်လေး စားလိုက်တာလည်း အများကြီး။ ထမင်းစားတာ မဟုတ်ဘူးနော်။ သင်္ဘောသီးထောင်းတစ်ပွဲ၊ အာပူလျှာပူကတစ်ပွဲ၊ ရေခဲမုန့်က ၂ပွဲ။ ပြီးတော့ ဖာလူဒါက တစ်ခွက်။ မြင်ယောင်သေးတယ်ရှော့တွေဖြစ်မှ။ လူကောင်သေးသလောက် အစားက ပုပ်သေး။ မလွယ်ဘူး။ ကျွန်တော်တို့ မန်းလေးတောင်တတ်တော့ သရက်သီးသုပ်က စားသေးတယ်။ ကျွန်တော်တို့ မန်းလေးတောင်တတ်ပြီးတော့ ပန်းခြံ ကိုသွားကြတယ်။ အဲ့မှာ ပြဿနာက စပြီ
ထက် "အား...ကိုကို ဗိုက်..ဗိုက်နာတယ်။အဟင့်"
ဇွဲ "ဟာ ဒုက္ခဘဲ၊ ထ ထ ကိုတို့ Tolite သွားမယ်။"
ESTÁS LEYENDO
အရမ်းမုန်းသော်လည်း ချစ်ခဲ့သည် / အရမ်းမုန်းသော်လည်း ချစ်ခဲ့သ{Completed}