အရမ်းမုန်း​သော်​လည်း...ချစ်​ခဲ့သည်​ (၄၂)
1.9K 111 5
အရမ်းမုန်း​သော်​လည်း...ချစ်​ခဲ့သည်​
အပိုင်း (၄၂)
လ​ရောင်​သွေး​စာသင်​စိတ်​ပါ​ပျောက်​ပြီး​ရောက်​မိ​ရောက်​ရာ​လျှောက်​သွားရာ ဦးပိန်​တံတားသို့​ရောက်​ခဲ့သည်​။ ထို တံတား​ပေါ်တွင်​ပျော်​ရွှင်​ခဲ့တဲ့​နေသခင်​ရဲ့ ပုံရိပ်​တွေ ကို ပြန်​မြင်​ယောင်​လာသည်​။ နှစ်​ယောက်​အတူတူ လက်​တွဲပြီး တံတားဆုံးတဲ့ အထိ​လျှောက်​ခဲ့ကြသည်​။
သခင်​"က​လေး သိလား။ ချစ်​ရသူနဲ့ အတူတူ ဒီတံတားကို အဆုံးထိ​လျှောက်​ရင်​နောက်​ဆုံး သူတို့​ပေါင်းဖက်​နိုင်​ကြတယ်​တဲ့"
တစ်​ချိန်​က​နေသခင်​ပြော​သောစကား​တွေကို ကြား​ယောင်​ရင်း ပါးပြင်​ပေါ်သို့ မျက်​ရည်​များ အလိုလို စီးကျလာသည်​။
♡မုန်းတယ်​...မုန်းတယ်​....ခင်​ဗျားကြီးကို မုန်းတယ်​။ ♡
မျက်​ရည်​တွေကို ခပ်​ကြမ်းကြမ်းဖိသုတ်​လိုက်​ပြီး ထို​နေရာမှ လှည့်​ထွက်​ခဲ့သည်​။ ကျုံးထိ လမ်း​လျှောက်​သွားပြီး ဟိန်း ကို လာ​ခေါ်ဖို့ ဖုန်း​ခေါ်လိုက်​သည်​။
တူ...တူ...တူ...
ဟိန်း "Hello အမိန့်​ရှိပါဗျာ ဟိန်းသက်​အောင်​ပြော​နေပါတယ်​။"
​သွေး ဟ်ိန်းစကားကို ကြားပြီး နှာ​ခေါင်းရှုံ့  လိုက်​သည်​။
​သွေး "​ခွေး​ကောင်​ငဟိန်း လာမ​နောက်​နဲ့"
ဟိန်း "ချစ်​လို့စတာကို မင်းကလည်း။"
​သွေး "ငါ့ကို လာ​ခေါ်လို့ရလား။ ငါအခု ကျုံး​ဘေးမှာ"
ဟိန်း နာရီ တစ်​ချက်​ကြည့်​လိုက်​တော့ ၂ နာရီ ထိုး​တော့မယ်​။ ၂ နာရီ ၁၅ ကျရင်​ဧည့်​သည်​နဲ့ ချိန်းထား​သေးတယ်​။ ကျုံး​ဘေး နဲ့ အခု ကျွန်​တော်​ကုမ္ပဏီ နဲ့ဆို အသွားအပြန်​နာရီဝက်​ကြာသည်​။ လမ်းပိတ်​ရင်​ပိုဆိုး။
ဟိန်း "​သွေး ဘယ်​လိုလုပ်​ရမလည်း။ ငါ ခန​နေ ဧည့်​သည်​နဲ့ ချိန်းထားတာ ရှိတယ်​။ ဒီလိုလုပ်​ငါ့ မန်​နေဂျာ လွှတ်​လိုက်​မယ်​။"
​သွေး "အာ... ရတယ်​ရတယ်​မလွှတ်​နဲ့ ငါ့ဘာသာ လိုင်းကား စီးပြန်​မယ်​။ မင်းကို သက်​သက်​အလုပ်​ရှုပ်​အောင်​လုပ်​မိပြန်​ပြီ။ ဒါဘဲ​နော်​ဖုန်းချ လိုက်​ပြီ။"