အရမ်းမုန်းသော်လည်း...ချစ်ခဲ့သည်
အပိုင်း (၃၅)
သု "ဟျောင့်နေသခင်မင်းထိုင်မှာဖြင့်ထိုင်စမ်း။ ငါ မျက်စိနောက်လာပြီ။"
သခင်"မင်းက မင်းချစ်သူ တစ်ယောက်လုံးဘေးနားရှိနေတော့ ဒီလေသံထွက်တယ်။ ဟိုဟာတွေ အခုချိန်ထိ ပြန်မလာကြသေးဘူး။ အခု ည ၁၀ နာရီတောင်ထိုးနေပြီ။ ဘယ်တွေ အလေလိုက်နေလည်းမသိဘူး။"
လရောင်သွေးတို့ မနက်ကတည်းက ထွက်သွားတာ အခုထိ ပြန်မလာသေး။ ဇွဲ ကလည်း သူ့ကလေးဆီ ဖုန်းခေါ်တယ်မကိုင်ကြဘူး။ ဖြိုး နဲ့ သုတ ကတော့ သူငယ်ချင်း ဖြစ်သူတွေကို ကြည့်ပြီးခေါင်းတစ်ခါခါနဲ့။
ဖြိုး "ဇွဲ "
ဇွဲက ဘာလည်းဆိုတဲ့ သဘောနဲ့မေးဆက်ပြသည်။
ဖြိုး "ငါတို့ မန္တလေးပြန်ရောက်တာနဲ့ တရားရုံး အရင်သွားမလို့။ ငါနဲ့ ချစ်ကလေး နဲ့ သွားပြီးလက်မှတ်ထိုမလို့။"
သခင်"တကယ်လား။ စိတ်ချ ငါတို့ ကူညီမယ်။ဇွဲ က လက်မှတ်ထိုးမဲ့ ကိစ္စ နဲ့ အဝတ်အစားစီစဉ်ပေး။ မင်းတို့ လက်မှတ်လည်းထိုး မင်္ဂလာဆွမ်းလည်းကပ်ကြကွာ။ အဲ့အတွက်ဘာမှ မပူနဲ့ ငါတို့တာဝန်ထား။ ငါက ဘုန်းကြီးပင့်ဖို့နဲ့ စားသောက်တဲ့ ဘက်ကို စီစဉ်ပေးမယ်။"
ဇွဲ "ဟုတ်တယ်ငါတို့ သူငယ်ချင်းနှစိယောက်အတွက်ငါတို့ ကူညီမယ်။ မင်းတို့ ဘာမှ အားမငယ်နဲ့။ မင်းတို့က ငါတို့ရဲ့ သူငယ်ချင်းဘဲ။ မင်းတို့က ချစ်ချစ်ခင်ခင်နေကြ။"
ဖြိုးရော သုတရော သခင်တို့ စကားကြားပြီး မျက်ရည်လေးတွေ ဝဲနေကြသည်။
သု "မင်းတို့ကို တကယ်ကျေးဇူးတင်ပါတယ်သူငယ်ချင်းတို့ရာ အဟင့်။ ငါ...ငါ...ဒီကျေးဇူးတွေ ဘယ်လို ပြန်ဆပ်ရမလည်းတောင်မသိဘူး။ အဟင့်...."
ဖြိုး "သခင်နဲ့ ဇွဲ ငါတ်ို့အပေါ် မင်းတို့ကျေးဇူးတွေ အများကြီးဘဲ။ သခင်ငါ့အသက်ကို ကယ်ပေးရုံတင်မက အခုလိုပါ ကူညီမယ်ဆိုတော့ ငါတို့ ဘယ်လိုကျေးဇူးဆပ်ရမလည်းတောင်မသိဘူး။"
ESTÁS LEYENDO
အရမ်းမုန်းသော်လည်း ချစ်ခဲ့သည် / အရမ်းမုန်းသော်လည်း ချစ်ခဲ့သ{Completed}