အရမ်းမုန်း​သော်​လည်း...ချစ်​ခဲ့သည်​ (၄၃)
2.1K 119 3
အရမ်းမုန်း​သော်​လည်း.... ချစ်​ခဲ့သည်​
အပိုင်း (၄၃)
ထက်​"Hello ကိုသျှား"
သျှား "ညီ ညီတို့ အခု​တော်​ဝင်​ဆေးရုံကို လာခဲ့ပါ။​သွေး အ​ရေး​ပေါ်ခွဲခန်းဝင်​ရလို့။​မြန်​မြန်​လာခဲ့​နော်​။"
ထက်​"ဗျာ!!!! ဟုတ်​ဟုတ်​ကျွန်​တော်​တို့ အခုဘဲ လာခဲ့ပါမယ်​ကိုသျှား"
ဇွဲ "က​လေး ဘာဖြစ်​တာလည်း။"
သခင်​"ညီ ဘာဖြစ်​တာလည်း။"
ဟိန်း "​ဟျောင့်​ထက်​ပြောစမ်းပါ။"
ထက်​"​သွေး...​သွေး...​သွေး.. အခု​ဆေးရုံမှာတဲ့။ အ​ရေး​ပေါ် ဖြစ်​လို့တဲ့။"
ဇွဲ "ဘာ!!!!!"
သခင်​"အခုချက်​ချင်း သွားရ​အောင်​လေ။ သွား...သွားကြမယ်​လေ။"
ဟိန်း "ကျွန်​တော်​ကား​မောင်းမယ်​။ မြန်​မြန်​လာ သွားကြရ​အောင်​"
♡ က​လေးရယ်​ဘယ်​လိုဖြစ်​ရတာလည်း။ အားလုံး ကိုကို့ဘအမှား​တွေပါ။​ကျေးဇူးပြု၍ က​လေး ဘာမှ မဖြစ်​ပါ​စေနဲ့။ ကိုကို က​လေးတစ်​ယောက်​တည်းကိုဘဲ ချစ်​တာပါ။ ကိုကို့ ကို​ဖြေရှင်းခွင့်​လေး​တော့​ပေးပါက​လေးရယ်​။ အရှင်​ဘုရား ဘုရားတပည့်​တော်​သည်​လ​ရောင်​သွေး တစ်​ယောက်​က လွဲရင်​ဘယ်​သူကိုမှ မချစ်​ခဲ့ပါဘူး။ ဤမှန်​ကန်​သော သစ္စာ​ကြောင့်​က​လေး ဘာမှ မဖြစ်​ပါ​စေနဲ့ အရှင်းဘုရား။♡
ဇွဲ​နောက်​ခန်းမှာ ထိုင်​နေတဲ့​နေသခင်​ကို ကြည့်​ပြီး သက်​ပြင်းချမိသည်​။ ညီညီ ကို သူ​သေမတတ်​ချစ်​တာ သူသိတယ်​။ ညီညီ မင်း ဘာမှမဖြစ်​ပါ​စေနဲ့။ မင်းတာ သခင်​နားက အ​ဝေးဆုံးထွက်​သွားမယ်​ဆို သခင်​သေသွားနိုင်​တယ်​ဆိုတာ ညီ သိရင်​ကောင်းမယ်​။
.........................................
ပိုး ဒီ​နေ့​တော်​ဝင်​ဆေးရုံမှာ ညဂျူတီ မို့လို့​မောင့်​ကို လာမကြိုခိုင်းဘဲ​ဆေးရုံဘဲတန်းလာခဲ့သည်​။ မနက်​က ဆရာဝန်​ကြီး ခွဲစ်ိပ်​ထားတဲ့ လူနာ​တွေကို Round လှည့်​ပြီး​ဆေးကို​သေချာ​သောက်​ရန်​။​ဆေးရုံက ဆင်းရင်​ဘယ်​လို ပြုမူ​နေထိုင်​ရမလည်းဆိုတာ​တွေပါ မှာကြားပြီး မိမိ နား​နေ​ဆောင်​တို့ ပြန်​လာခဲ့သည်​။ နား​နေ​ဆောင်​ရောက်​တော့​မောင့်​ဆီ ဖုန်းဆက်​မယ်​ဆိုပြီး ဖုန်းအထုတ်​ဘဲ ရှိ​သေးတယ်​အ​ရေး​ပေါ် ဘဲလ်​က ထမြည်​လာ​တော့ တမန်းတကမ်း ထ​ပြေးလာရသည်​။