အရမ်းမုန်းသော်လည်း...ချစ်ခဲ့သည်
အပိုင်း (၃၂)
ဟိန်း "မ ဒါ ဘာသဘောလည်း။"
ပိုး "အမ်မောင်အရင်းမရှိ အဖျားမရှိ ဘာကိုလည်း။"
ဟိန်း "ဘာရမှာလည်း ဒီမှာကြည့်ဘယ်က အကောင်လည်း ဟမ်။ ချစ်လေး ပြန်လာရင်လက်ဆောင်ဝယ်ခဲ့တဲ့။ အသည်းပုံလေးက ပါလိုက်သေး။"
ပိုး "ဟာမောင်ကလည်း fb က လူတွေက ဒီလိုဘဲ စကြနောက်ကြတာလေ။ "
ဟိန်း "မောင်မကြိုက်ဘူး၊ ဘယ်နှယ့်သူများ မိန်းမ ကို လာပြီး ချစ်လေး သဲလေး လာခေါ်နေတာ။ မ လည်း ကြပ်ကြပ်သတ်ိထား။နောက်ခါ ဒီလိုတွေတွေ့ကြည့်မ ကို မခေါ်ဘူး။"
ပိုး "အဟင့်အဟင့်မေမေရေ သမီးအဖြစ်ကို လာကြည့်ပါအုံး မနေ့တနေ့ကမှ ယူထားတဲ့ လူကို အနိုင်ကျင့်နေတာ။မေမေတို့ပြောတော့ သားလိမ္မာဆို။ အီး....ဟီး......"
ပိုး ရှိုက်ကြီးတငင်ငိုတော့ ဟိန်းတစ်ယောက်မနေနိုင်တော့ချေ။
ဟိန်း "မ ရယ်မငိုပါနဲ့တော့နော်။မောင်တောင်းပန်ပါတယ်နော်။မောင်က မ ကို ချစ်လွန်းလို့ သဝန်တိုသွားတာပါ။ မငိုနဲ့ တ်ိတ်နော်တိတ်တိတ်။"
ဟိန်းပိုး ကို ဖက်ထားလိုက်သည်။ ပိုး ကတော့ ဟိန်း ရင်ခွင်ထဲကနေ ခိုးရယ်နေသည်။
♡ဦးဟိန်းသက်အောင်ရယ်မနေနိုင်ဘဲနဲ့ ဟန်မဆောင်ပါနဲ့ ပိုးပိုး တို့ ငိုပြလိုက်တာနဲ့ ပျာယာခတ်သွားတဲ့မောင့်ပုံစံက အရမ်းချစ်ဖို့ကောင်းတယ်ဆိုတာ သိလား။ ♡
ဟိန်း ပိုးကို ရင်ခွင်ထဲကနေ ထုတ်လိုက်သည်။ နှုတ်ခမ်း စူပုတ်ပြီး စိတ်ကောက်နေတဲ့ ပိုး ကိုကြည့်ပြီး စိတ်မထိန်းနိုင်ဘဲ ပိုးနဲ့ နှုတ်ခမ်းပါးလေးကို နမ်းလိုက်သည်။ ထိုအခါ ထက်ဘုန်းခန့်တစ်ယောက်အခန်းတံခါးမခေါက်ဘဲ ဝင်လာခဲ့သည်။
ဂျောက်...
ထက်"ငဟိန်း...ငါတို့ 😨😨 အာ Sorry Sorry ဆက်ချစ်ကြ။"
YOU ARE READING
အရမ်းမုန်းသော်လည်း ချစ်ခဲ့သည် / အရမ်းမုန်းသော်လည်း ချစ်ခဲ့သ{Completed}