အရမ်းမုန်း​သော်​လည်း...ချစ်​ခဲ့သည်​ (၄၄)
2.1K 110 9
အရမ်းမုန်း​သော်​လည်း...ချစ်​ခဲ့သည်​
အပိုင်း (၄၄)
သျှား ဇာခြည်​လင်းတိုက်​ခန်း​ရောက်​တော့ ဘဲလ်​နှိပ်​လိုက်​သည်​။
တီ​တောင်​.....တီ​တောင်​...
​ဂျောက်​!!!!
တံခါး ဖွင့်​သံနဲ့ အတူ ဇာ ရဲ့ လှပ​သော အပြုံး နဲ့​တွေ့လိုက်​ရ​တော့ ကျွန်​တော်​ရင်​ခုန်​မြန်​လာတယ်​။ ဒါ​ပေမယ့်​ထို ရင်​ခုန်​မှုကို ထိန်းချုပ်​ထားလိုက်​သည်​။
ဇာ "ဝင်​လေ ကိုသျှား။ ဇာက Club သွားမလို့၊ ကိုသျှား လာမယ်​ဆိုလို့​စောင့်​နေတာ။"
သျှား "ဇာ အခုရက်​ပိုင်း ဘာ​တွေ လုပ်​နေတာလည်း"
ဇာ "ဇာ ဘာမှ မလုပ်​ပါဘူး။​ကျောင်းသွားတယ်​။ သင်​တန်း​တွေတတ်​တယ်​။ ညပိုင်း Club တတ်​တယ်​။"
သျှား "​နေသခင်​နဲ့က ဘာလည်း"
​နေသခင်​ဆိုတဲ့ အမည်​ကြားတာနဲ့ ဇာ က ဘာလို့ အဲ့​လောက်​ထိတ်​လန့်​တာလည်း။ ဒါဆို ကျွန်​တော်​ထင်​နေတာ​တွေက မှန်​နေပြီလား။
ဇာ "ဘာ...ဘာမှ မဟုတ်​ပါဘူး။ ကိုသျှား ဘာ​တွေ လာ​ပြော​နေတာလည်း။"
သျှား "ဒါဆို​ဘာလို့​နေသခင်​တို့ကို​နှောင့်​ယှက်​နေတာလည်း။ ကို နဲ့ အတူတူ USA ကို ပြန်​လိုက်​ခဲ့"
ဇာ "မဖြစ်​ဘူး။ မလိုက်​ဘူး။"
သျှား အံကိုတင်းတင်းကြိတ်​ထားလိုက်​သည်​။
သျှား."ဘာလို့ ပြန်​မလိုက်​ချင်​တာလည်း ညီမင်းခန့်​!!!"
ဇာ "ကိုသျှား!!!!!! အဲ့ အမည်​မ​ခေါ်နဲ့။ ဇာ အဲ့အမည်​မေ့ထားတာ ကြာပြီ။ ဘာလို့ အဲ့အမည်​ခေါ်ရတာလည်း။!!!!!"
သျှား "မရှိ​တော့တဲ့ ညီမဖြစ်​သူ ကို ချစ်​တဲ့ အကို တစ်​ယောက်​ရဲ့ စိတ်​ကို​တော့ ကို နားလည်​တယ်​။ ဒါ​ပေမယ့်​အခု မင်းလုပ်​နေတာက အပြစ်​မရှိတဲ့ ချစ်​သူ နှစ်​ဦးကို ခွဲ​နေတယ်​ဆ်ိုတယ မင်းသိလား။"
ဇာ "မသိချင်​ဘူး။ ဘာမှ မကြားချင်​ဘူး။"
သျှား "မ​ကြားချင်​လည်း ကို က​တော့​ပြောစရာရှိတာ​ပြောမှာဘဲ။"