အပိုင်း - ၂၃
At Hospital ........
ဇွဲ "ဆရာ အနာ ကို သေချာလေး ဆေးထည့်ပေးပါနော်။ ပြီးတော့ အမာရွတ်လည်း မကျန်စေချင်ဘူး။"
ဆရာဝန် "ဟုတ်ကဲ့ပါ သူဌေးလေး"
ဆရာဝန်က ကလေးးရဲ့ အနာကို သေသေချာချာ ဆေးထည့်ပေး ပတ်တီးစည်းပေးထားတယ်။ အရှိန်ဘယ်လောက်ပြင်းလည်းမသိဘူး။ ကလေး လက်မောင်းတစ်ဖက် ဆို ရစရာကိုမရှိဘူး။ ဘယ်သူ့ကိုဒေါသထွက်ရမှာလည်း ကိုယ့်ကို ဒေါသထွက်ရမလား။ အဲ့အကောင်နဲ့ဘဲလိုက်သွားတဲ့ ကလေးကို ဒေါသထွက်ရမလားတောင် မသိဘူး။
ထက် "ကိုကို ကလေး တောင်းပန်ပါတယ်နော်။ ကလေး ကိုဆူချင်ဆူပါ။ အဲ့လိုကြီးတော့ မနေပါနဲ့ 😭😭😭"
ဇွဲ "တိတ်တော့နော် ကလေး ကိုကို ကလေးကို မဆူပါဘူး။ အမှန်ဆို ကိုကတာ တောင်းပန်ရမှာပါ။ မငိုနဲ့တိတ်တိတ်နော်"
မျက်ရည်စတွေကို လက်ချောင်းလေးနဲ့ ဖယ်ပေးပြီး ရင်ခွင်ထဲ သိမ်းဖက်ထားလိုက်တယ်။
သွေး " အဟမ်း အဟမ်း သတိလေးဘာလေးလည်း ရကြအုံး။ ဆေးရုံမှာ ဆိုတာကို"
ထက် "ငသွေး မင်းဘယ်လိုရောက်လာတာလည်း။ အထဲဝင်မယ်ဆို တံခါးလေးဘာလေး ခေါက်ရမယ်လေ မသိဘူးလား။"
အမယ်လေး ငထက် တစ်ယောက် ရှက်ရမ်းရမ်းနေပြီ။
သွေး "ငါ ခေါက်တာဘဲ ပြန်ထူးသံမှ မကြားတာ။ပြီးတော့ အိပ်နေပြီ ထင်လို့ ဝင်လာတယ်။ "
သခင် " တော်ကြပါတော့ ပြီးမှ ဆက်ပြောကြ အခု အရေးကြီးတာက ဖြိုး ကိစ္စဘဲ။ ဖြိုး က မိဘမဲ့ဆိုတော့ ငါတို့ ဘယ်လို လုပ်ကြမလည်း။"
YOU ARE READING
အရမ်းမုန်းသော်လည်း ချစ်ခဲ့သည် / အရမ်းမုန်းသော်လည်း ချစ်ခဲ့သ{Completed}