အရမ်းမုန်း​သော်​လည်း...ချစ်​ခဲ့သည်​ (၄၀)
2K 118 16
အရမ်းမုန်း​သော်​လည်း...ချစ်​ခဲ့သည်​
အပိုင်း (၄၀)
သုတ စာသင်​ရင်း နာရီ ကြည့်​လိုက်​တော့ ၄ နာရီထိုး​တော့မယ်​။​
သု " သားသား​ရေ ဆရာ ဒီ​နေ့ အလုပ်​လေး ရှိလို့​စော​စော သိမ်းလိုက်​မယ်​နော်​။ မြန်​မာစာ လည်းကျက်​ထား ဆရာ မနက်​ဖြန်​မေးမယ်​။"
သားသား "ဟုတ်​ကဲ့ပါ ဆရာ။​ကျွန်​တော်​ရ​အောင်​ကျက်​ထားပါမယ်​ဗျာ"
သုတ​ခေါင်းငြိမ့်​ပြပြီး သားသား အိမ်​မှ ထွက်​လာခဲ့သည်။ သဘာဝ အလှကို မရှုစားနိုင်​ဘဲ အိမ်​သို့ မြန်​မြန်​ပြန်​လာခဲ့ရသည်​။ အိမ်​ပြန်​ရောက်​တော့ အင်္ကျီ​တောင်​မလဲအားဘဲ မီးဖို​ချောင်​ထဲ တန်းဝင်​ခဲ့သည်​။ ထမင်း​ပေါင်းအိုးထဲ ဆန်​နို့ဆီဗူး ၂လုံး​လောက်​ထည့်​ပြီး​သေ​သေချာချာ​ဆေး။​ရေကို ၄ ခွက်​ထည့်​ပြီး တည်​ထားလိုက်​သည်​။ ဂတ်​စ်​မီးဖို​ပေါ်မှာ ဆီအိုး တည်​ထားပြီး မနက်​က​ဈေးထဲမှ ဝယ်​လာခဲ့တဲ့ ကြက်​ပေါင်​တွေကို ဂျုံနဲ့နယ်​လိုက်​ပြီး ဆီအိုးထဲမှာ တစ်​ချောင်းပြီး တစ်​ချောင်း ထည့်​ကြော်​လိုက်​သည်​။ တစ်​ဖက်​မီးဖိုဘက်​မှာ မနက်​က ချက်​ခဲ့တဲ့ ဝက်​စတူးအိုးကို တည်​ထားသည်​။ ဝက်​စတူးထဲ ထည့်​မယ့်​အသီးအရွက်​တွေကို​သေချာ​ဆေး​ကြော လှီးချွတ်​ထားသည်​။ အသီးအရွက်​တွေ ခန ထားပြီး ကြက်​သားကို ဆက်​ကြော်​နေလိုက်​တယ်​။​ကြော်​ပြီးသား ကြက်​ပေါင်​တွေကို ဇကာထဲထည့်​ပြီး ဆီစစ်​ထားလိုက်​သည်​။ အချဉ်​ရေကို​တော့ Ready Made ဘဲ သုံးလိုက်​ရသည်​။ ပြီး​တော့ ကို့ဆီ Message ပို့လိုက်​သည်​။
"ကို ဒီ​နေ့​စော​စော ပြန်​လာခဲ့​နော်​။ အရမ်းချစ်​တယ်​မွမွ😘😘"
ခန​နေ​တော့ ကို့ဆီက​နေ စာပြန်​လာတယ်​
"5:30 ပြန်​လာခဲ့မယ်​တဲ့"
နာရီ ကိုလှမ်းကြည့်​လိုက်​တော့ ၅း၁၅ ဖြစ်​နေပြီ။ အ​ပေါ်တတ်​ပြီး​ရေချိုးလိုက်​တော့သည်​။​ရေချိုးပြီး ဆင်းလာ​တော့ ဘယ်​လောက်​မှ မကြာဘူး ကို ပြန်​ရောက်​လာသည်​။ နာရီ လှမ်းကြည့်​တော့ ၆ နာရီ ထိုး​တော့မယ်​။