အရမ်းမုန်းသော်လည်း...ချစ်ခဲ့သည်
အပိုင်း (၄၆)
ဇာ နိုးလာတော့မိမိကို ဖက်ထားတဲ့ သျှား နဲ့ လက်တွေကို အသာဖယ်ချ ပြီးရေချိုးခန်းထဲသို့ဝင်သွားသည်။မှန်ထဲတွင်မြင်နေရတဲ့ မိမိ မျက်နှာကို ကြည့်ပြီး ဟားတိုက်ရီမောပစ်တယ်။ မျက်ရည်တွေလည်း တသွင်သွင်စီးကျလ်ို့။
ဇာ "မုန်းတယ်...မုန်းတယ်။ ကိုသျှား ကို မုန်းတယ်။ အီး...ဟီး..."
ရေပန်းကို ဖွင့်ချလိုက်ပြီးရေပန်းအောက်တွင်အကြာကြီးရေချိုးပစ်လိုက်သည်။
ဒေါက်!!!ဒေါက်..
သျှား "ဇာ မင်းရေချိုးနေတာ ကြာပြီ။ ထွက်လာခဲ့တော့။ အအေးမိပြီး ဖျားလိမ့်မယ်။"
သျှား နဲ့ စကားအဆုံး ဇာလည်းရေချိုးခန်း ထဲကနေ ထွက်လာခဲ့သည်။ သျှားကို တစ်ချက်ကြည့်ပြီး မှန်တင်ခုံရှေ့မှာထိုင်ပြီး အလှပြင်နေသည်။ သျှား လည်း ဘယ်က စပြောရမှန်း မသိတဲ့အတွက်ကြောင့်ဘာမှ မပြောဘဲရေချိုးခန်းထဲ ဝင်သွားခဲ့သည်။
ဇာ အလှပြင်နေတုန်း ဖုန်းထဲ မက်ဆေ့လ်ဝင်လာလို့ ဖွင့်ကြည့်လိုက်တော့ဆေးရုံကုတင်ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက်ဖက်ပြီး နမ်းနေကြတဲ့ ပုံတွေတွေ့ပြီး အံကိုတင်းတင်းကြိတ်ထားလိုက်သည်။
♡အဲ့လိုမဖြစ်ရဘူး။ အင့်ဟင်းနေ့ကို ငါဘဲ ပိုင်ဆိုင်ရမယ်။နေ့က ငါ့အတွက်ဘဲ။ လရောင်သွေး နင်သာပေါ်မလာရင်။ နင်ကိုနေ ချစ်မှာ မဟုတ်ဘူး။ နင်က ဒီလောကမှာ မမွေးဖွားလာသင့်သူ။ ♡
သျှား "ဘာတွေတွေးနေတာလည်း ဇာ"
ဇာ လန့်သွားပြီး ဖုန်းကို ပိတ်ပစ်ပြီး။
ဇာ "ဘာမှ မတွေးဘူး။ ပြန်တော့လေ။ ဇာလည်းကျောင်းသွားတော့မယ်"
သျှား "ကိုယ်နဲ့ US ပြန်လိုက်မယ်မလား။"
အခုချိန်ငြင်းလိုက်ရင်သျှားဒေါသထွက်ပြီး ဇာ့ကို အစောင့်တွေနဲ့ ထားနိုင်တယ်။ ဒါကြောင့်
VOUS LISEZ
အရမ်းမုန်းသော်လည်း ချစ်ခဲ့သည် / အရမ်းမုန်းသော်လည်း ချစ်ခဲ့သ{Completed}