အပိုင်း ❀ ၂၇ ❀
နေသခင် ကနေဒါကို ရောက်ပြီး ချက်ချင်း ဇာခြည်လင်းဆီ ဖုန်းဆက်ပြီး ကော်ဖီဆိုင်မှာ ချိန်းလိုက်တယ်။ ဒေါသထွက်လွန်း၍ အသားတွေပင် နီရဲနေပြီ။ မျက်လုံးတွေလည်း နီရဲလို့။ မျက်ခုံးထူထူ နှစ်ခုကလည်း ထိလုနီးပါး မျက်မှောင်ကြုတ်ထားများ လက်သီးကိုလည်း တင်းနေအောင် ဆုပ်ထားသည်။ ကြည့်လိုက်ယုံနဲ့ ဒီလူဘယ်လောက်ထိဒေါသဖြစ်နေလည်းဆိုတာ တွေ့ရသည်။ နေသခင် ထိုဆိုင်မှာ စောင့်နေတာ တစ်နာရီလောက်ရှိပြီ။ အခုထိ ဇာခြည်လင်း မလာသေး၍ ပို၍ဒေါသဖြစ်နေခြင်းဖြစ်တယ်။
တောက်စ်!!!!
Girl "ဘာတွေ ဒေါသဖြစ်နေတာလည်း နေ"
အသံနဲ့အတူ သခင်ရှေ့သို့ ဝင်ထိုင်လိုက်တဲ့ မိန်းကလေး။ ထိုမိန်းကလေးမှာ သခင်နဲ့ ၃ နှစ်နီးပါးတွဲဖူးတဲ့ ကောင်မလေးတစ်ယောက်။ ဇာခြည်လင်းဆိုတဲ့ မိန်းမချောလေးပေါ့။ ခေတ်နဲ့အညီဝတ်စားထားတဲ့ ထိုမိန်းကလေးအလှက ကျန်တဲ့ပုရိသယောကျာ်းတွေ အတွက် ရင်ခုန်စရာဆိုပေမယ့် နေသခင်အတွက်တော့ ရွံစရာ လို့ သတ်မှတ်မိနေသည်။
သခင် မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး
သခင် "မင်းက အရင်တိုင်းဘဲနော် ဘာမှ မပြောင်းလဲဘူး။ အချိန်ကိုလည်း မတိကျဘူး။ ဝတ်ပုံစားပုံ ကလည်း..."
သခင် စကားခနရပ်ထားပြီး ထိုမိန်းကလေးအား ခြေဆုံးခေါင်းဆုံး ကြည့်ပြီး
"မသိရင် ဟိုဟာမ နဲ့တောင် တူနေသေးတယ်"
သခင့် စကားကြားပြီး ထိုမိန်းမလှလေး တော်တော် ဒေါသထွက်သွားရသည်။ ချက်ချင်းမျက်နှာပေါ်မှာ အပြုံးတုဖန်ဆင်းလိုက်ပြီး
ဇာ "အဟက် နေ အရင်က ကိစ္စမပြောဘဲ အခုလာရင်းကိစ္စကိုသာ ပြောရအောင်။ ငါ့ကို တွေ့ချင်တဲ့ အကြောင်းအရာက ဘာလဲ။ မဟုတ်မှ နင် ငါနဲ့ ပြန်တွဲမလို့လား။"
BẠN ĐANG ĐỌC
အရမ်းမုန်းသော်လည်း ချစ်ခဲ့သည် / အရမ်းမုန်းသော်လည်း ချစ်ခဲ့သ{Completed}