အရမ်းမုန်းသော်လည်း ချစ်ခဲ့သည်
အပိုင်း ၁၃
ဖြိုး pov:
ကျွန်တော်အရမ်းနာကျင်တယ်။ သူဘာတွေဖြစ်နေလို့ အခုလိုပြောထွက်ရတာလည်း။ကျွန်တော်လုံးဝ လမ်းမခွဲပေးနိုင်ဘူး။
ဖြိုး "ကိုယ်မင်းကို ဘယ်တော့မှ လမ်းမခွဲပေးနိုင်ဘူး။ မင်းက ကို့ အပိုင်ဘဲ။ " ကျွန်တော်ပြောပြီး သူရှေ့ကနေ လှည့်ထွက်ခဲ့သည်။
သုတ pov:
ကျွန်တော်အရမ်းလည်းပျော်သလို အရမ်းလည်း နာကျင်ရတယ်။ ကို့ အတွက်ဆို ချစ်အသက်ပေးရဲပါတယ်ကို။ အရမ်းချစ်တယ်ကို။
ထက်pov:
ကျွန်တော်တို့ အပြန်လမ်းလေး တိတ်ဆိတ်နေတယ်။ ဟိန်းကို ကြည့်တော့ဒေါသ ထွက်နေတဲ့ပုံဘဲ။ ကြာရင်ကျွန်တော်ရူးတော့မယ်။
ဟိန်း "ရှေ့ကို ကြည့်မောင်း အကုန်မသာပေါ်ကုန်မယ်"
ကျွန်တော်ကြည့်နေတာ ဘယ်လို သိတာလည်မသိဘူး။ ကျွန်တော်နဲ့သွေးက သူကိုကြောက်ရတယ်။ ကျွန်တော်တို့ထဲမှာ သူက လူကောင်ကြီးတာကို။
ထက်"ဟိန်း ဟိုလေ ကိုနေသခင်က ဘာပြောလိုက်လို့ မင်းဒေါသထွက်ရတာလည်း"
ဟိန်း "သူကသွေးကို မရရအောင်ယူမှာတဲ့"
ထက်"ငါပြောသားဘဲ။ အစကတည်းက "
ဟိန်း "အဲ့တာ မင်းအပြစ်လည်း ပါတယ်။ မင်းတာ အဲ့နေ့က မမူးရင်ခုလိုတွေဖြစ်မှာမဟုတ်ဘူး"
ကျွီ...........
ထက်"ဟျောင့်အဲ့တော့ မင်းပြောချင်တာ ငါ့အပြစ်ပေါ့ဟုတ်လား။" ကျွန်တော်တော်တော်ဒေါသထွက်တယ်၊ အာတာ ကျွန်တော့်တစ်ယောက်တည်းကြောင့်လား။
ဟိန်း "ဟာ ထက်ငါက အဲ့လို သဘောမျိုးပြောတာ မဟုတ်ပါဘူး။ ငါ...ငါဒေါသထွက်လွန်ပြီးပြောမိတာပါကွာ။ ငါ့ကို ခွင့်လွှတ်နော်ထက်" ကျွန်တော်စိတ်လွတ်ပြီး ငထက်ကိုအော်မိသွားတယ်။
"ထက်ရာ ငါတောင်းပန်ပါတယ်နော်။ ငိုတော့မငိုလိုက်ပါနဲ့။ မင်းငိုရင်လေ ရုပ်အရမ်းဆိုးတာသိလား" ကျွန်တော်သူ့ကို စလိုက်တော့ မျက်စောင်းက ဒိုင်းခနဲဘဲ ကျရောက်လာတယ်။
ESTÁS LEYENDO
အရမ်းမုန်းသော်လည်း ချစ်ခဲ့သည် / အရမ်းမုန်းသော်လည်း ချစ်ခဲ့သ{Completed}