အရမ်းမုန်းသော်လည်း...ချစ်ခဲ့သည်
အပိုင်း - ၅၀
♡ဇာတ်သိမ်းပိုင်း ၁♡
သခင်- ကလေး ကိုကို့ ကို ယုံပြီလား။
သွေး - အစကတည်းက ကိုကို့ ကို ယုံပြီးသားပါ။
သခင်နဲ့သွေး တစ်ယောက်လက်ကို တစ်ယောက်ယုယုယယ ကိုင်ထားပြီး ကားဆီသို့ ပြန်လာခဲ့သည်။ သူတို့ကို ကြည့်နေတဲ့ လူကိုတော့ သူတို့မသိလိုက်။
"စပ်ဝ်ခွန်ပါ့ ရဲ့ သားငယ်က အဲ့ကလေးလား။"
"ဟုတ်ပါတယ်ဆရာ"
"တွေ့ကြပြီပေါ့ကွာ...ဟား..ဟား..."
............................................
သွေး - ကိုကို
သခင်- ဗျာ
သွေး - ထက်အတွက်မွေးနေ့လက်ဆောင်ဘာပေးရမလည်းဟင်။ ကလေး မစဉ်းစားတတ်ဘူး။ နှစ်တိုင်းသူ့မွေးနေ့ဆို မမမေဘရဏီ ကရွေးပေးနေကြ။ ဒီနှစ်ကိုကိုရွေးပေးနော်။
သခင်- အဲ့တစ်ယောက်ကို ဖုန်းဆက်ပြီးရွေးခိုင်းပါလား။
သခင်မေဘရဏီ ဆိုတဲ့ အမည်ကြားတော့သွေးကို ဘုတောတောပစ်လိုက်သည်။ ဟုတ်တယ်လေ။ အဲ့မိန်းမကြောင့်ကလေးငိုခဲ့တာ။ အဲ့မိန်းမက ကလေးရဲ့ အချစ်ဦးဖြစ်ခဲ့တာ။ ဒါကြောင့်အဲ့မိန်းမကို မုန်းတယ်။
သခင့်ကို ကြည့်လိုက်တော့ ဆူပုတ်ပုတ်နဲ့ မျက်မှောင်ကို့ကြုတ်ထားပြီး သူဘက်တစ်ချက်လေးမှ လှည့်မလာတဲ့ ချစ်ရသော ကိုကို ပါးလေးကို အနမ်းတစ်ပွင့်ခြွေချလိုက်သည်။
သွေး - မွ
ကျွီ!!!!!!
"ဟေ့ မင်းသေချင်နေတာလား။ ကားကိုဘယ်လိုမောင်းနေတာလည်း။ ဒါမင်းအဖေ ပိုင်တဲ့လမ်းမဟုတ်ဘူး။"
ရုတ်တရက်ကလေးက ပါးကို လာနမ်းတော့ ကားဘရိတ်ကို နင်းမိသွားတော့ တစ်ချို့ကားတွေကအော်သွားကြသည်။ တန်ပါတယ်အော်ခံရတာ။
YOU ARE READING
အရမ်းမုန်းသော်လည်း ချစ်ခဲ့သည် / အရမ်းမုန်းသော်လည်း ချစ်ခဲ့သ{Completed}