အပိုင်း - ၂၅
သုတ ထွက်သွားပြီး ဘယ်လောက်မှ မကြာ ဖြိုး ရဲ့ နှလုံးခုန်သံ ရပ်သွားတော့သည်။
တီ တီ တီ
ဖြိုး အဒေါ် "သား သား အကိုရေ လုပ်ပါအုံး။"
ဆရာဝန်တွေ ရောက်လာပြီး ဖြိုးကို အရေးပေါ်ခန်းထဲ ခေါ်သွားတော့တယ်။
ဆရာဝန် တွေ ကြိုးစားပမ်းစားလုပ်ခဲ့တယ်။ သို့သော်
"လူနာသေဆုံးချိန် မနက် ၄ နာရီ ၃၀ မိနစ် ၃၀ စက္ကန့်"
.........................................
ုနေသခင် pov:ဖြိုးသေဆုံးသွားတာ ဒီနေ့နဲ့ဆို ၁ လရှိပြီ။ သုတကိုလည်း အဆက်အသွယ်မရခဲ့ဘူး။ သုတဖေဖေ လည်း သူ့အမှားတွေဝင်ခံပြီး တစ်သက်တစ်ကျွန်း ထောင်နန်းစံခဲ့တယ်။ အန်တီကတော့ အပြီးအပိုင် သာသနာ့ဘောင့်ကို ဝင်သွားတော့တယ်။
သွေး "ဟိတ် လူကြီး !!!!!!! ခေါ်နေတာကြာပြီ။ ဘယ်ကောင်မလေး အကြောင်း စဉ်းစားနေတာလည်း"
သခင် "ဘယ်ကောင်မလေး အကြောင်းမှ မစဉ်းစားဘူး။ သုတ တို့အကြောင်းစဉ်းစားနေတာ"
သွေး "ဟုတ်တယ်နော် ကိုသု တစ်ယောက် ဘယ်ပျောက်လို့ ဘယ်ရောက်နေလည်း မသိဘူး။"
သခင် "Omm.. ကလေး ကို့ကို အခုထိ မုန်းနေသေးလားဟင်"
သွေး "အမ်! ကျွန်တော်က ဘာလို့မုန်း ရမှာလည်း။ မမုန်းပါဘူး။"
သခင် "မမုန်းဘူးဆို ချစ်တယ်လား။😁😁😁"
သွေး "မချစ်ဘူး။ ဖယ် ဟိန်းတို့ဆီ သွားတော့မယ်"
ဆိုပြီး လူကြီးရဲ့ လက်ကို ဖယ်ချခဲ့ပီး ထွက်လာခဲ့တယ်။သခင် "ကလေး ရှက်နေတာလား။ဟားဟားဟား"
ဇွဲ "သတိလေးဘာလေးထားအုံး။ မင်းကို သိပ်ကျေနပ်တာ မဟုတ်ဘူး။ ဇာခြည်လင်း ကိစ္စရှင်းအုံး ကြားလား"
သခင် "အေးပါ ယောက်ဖရာ ငါ့ မင်းညီကို တကယ်ချစ်တာပါ။😊😊"
DU LIEST GERADE
အရမ်းမုန်းသော်လည်း ချစ်ခဲ့သည် / အရမ်းမုန်းသော်လည်း ချစ်ခဲ့သ{Completed}