အရမ်းမုန်း​သော်​လည်း....ချစ်​ခဲ့သည်​ ၁၉
4.2K 181 2
အပိုင်း - ၁၉
ကျောင်းကန်​တင်းမှာ အားလုံးလူစုံ​နေကြပြီ။ ​နေသခင်​နဲ့ လ​ရောင်​​သွေး​တော့ မပါဘူး။ ဒီနှစ်​​ကောင်​​နောက်​ကြလှတာ။ ကျွန်​​တော်​တို့​တွေ စားစရာ​တွေမှာပြီး ဘယ်​​လောက်​မှ မကြာဘူး ​သခင်​ ​ရောက်​ချလာတယ်​။
သခင်​ - လ​ရောင်​​သွေး ​ရော ပါမလာဘူး။
ထက်​ -ဟို ​သွေးက အကိုလာ​ခေါ်မယ်​ဆိုပြီး ကျွန်​​တော်​တို့ကို အရင်​သွားခိုင်းတာ။
ဇွဲ - ဘာလည်း မ​တွေ့ခဲ့ဖူးလား။ မင်းသူ့တိုက်​ခန်းကို​ရော ​သေချာသိရဲ့လား။
သခင်​ - သိတယ်​။ ငါ မီးပွိုင့်​မိ​နေလို့ ၅ မိနစ်​​လေး ​နောက်​ကျသွားတာကို။
သု - စိတ်​​ကောက်​သွားတာ​နေမှာ​ပေါ့ သခင်​ရာ။
ဖြိုး - ဖြစ်​နိုင်​တယ်​။ လ​ရောင်​​သွေးဆိုတာ အချိန်​သိကျမှ ကြိုက်​တာ။
သု - ကို ကဘယ်​လိုသိ​နေတာလည်း အဲ့အ​ကြောင်း​တွေ"
ဟောဗျာ ဒါ​လေး​ပြောမိပါတယ်​ မျက်​​စောင်းက ဒိုင်းခနဲဘဲ။
ဖြိုး - ချစ်​က​လည်း ချစ်​ စုံစမ်း​ပေးတုန်းက အဲ့အ​ကြောင်း​တွေပါတယ်​​လေ။ ချစ်​မမှတ်​မိဘူးလား။
သု - aww ဟုတ်​သားဘဲ။ အဲ့အ​ကြောင်း​မေ့သွားတယ်​။
ကျွန်​​တော်​တို့​တွေ စကား​ပြော​နေ​ပေမယ့်​ ​နေသခင်​ မျက်​နှာကြီးကလည်းသုန်​မှုန်​​နေတာဘဲ။ သူလည်းဒီ​ကောင်​​လေးနဲ့ကြမှ ဘယ်​လိုဖြစ်​​နေလည်းမသိဘူး။
သု - ဒီည မင်းတို့ကို ငါမုန့်​လိုက်​​ကျွေးမယ်​။
ဇွဲ - ဘာအတွက်​လည်း
ဖြိုး - မင်းကလည်း မသိဘူးလား။ ဒီ​နေ့က ငါတို့ အမြဲတမ်း ဆုံ​နေကြ​နေ့​လေ။ ပြီး​တော့ ငါနဲ့ချစ်​ရဲ့ ၆ လပြည့်​ anniversary အတွက်​ ကြို ​ကျွေးမလို့။