အရမ်းမုန်းသော်လည်း...ချစ်ခဲ့သည်
အပိုင်း (၄၁)
ဇွဲ "သခင်ဘာတဲ့လည်း။"
သခင်"မသိဘူး။ ဖုန်းချသွားတယ်။ "
ဇွဲ "သခင်"
ဇွဲခေါ်လိုက်တော့ သခင်က ဘာလည်းဆိုပြီး တစ်ချက်လှည့်ကြည့်ပြီး စာပြန်ကျက်နေသည်။
ဇွဲ "ဟျောင့်မင်းစာ ကျက်တာ ခနထားအုံးကွ။ စာက ထွက်မပြေးဘူး။ "
ပြောပြီး သခင့်စာအုပ်ကို လှမ်းဆွဲလိုက်တယ်။
သခင်"ဟျောင့်ပြန်ပေးကွာ ငါ စာကျက်နေတာကို။"
ဇွဲ "မင်း ဘာဖြစ်နေတာလည်း အခုတစ်လော။ ဟိုရက်ကလည်း ဘားမှာမှောက်နေလို့ ငါ လာခေါ်ရတယ်။ မင်း အဖြစ်မှန်ကို သိနေပြီဘဲကွာ။"
သခင်"............"
ဇွဲ သက်ပြင်းတစ်ချက်ချ လိုက်ပြီး
ဇွဲ "ကိုသျှားကြောင့်ဘဲမလား။"
သခင်"ဇွဲ မင်းသူ့အကြောင်းပြောမယ်ဆို ငါ့အိမ်ကနေ အခုချက်ချင်း ထွက်သွား။"
ဇွဲ "ဟျောင့်တကယ်တော့ အဲ့နေ့က မင်းအထင်လွဲသွားတာကွ။ မင်းကို ညီညီရော ကိုသျှားပါ ရှင်းပြကြတယ်လေ။"
သခင်"ငါ ကလေးကို ဆုံးရှုံး ရမှာ အရမ်းကြောက်တယ်။ငါ ကလေးကို ယုံကြည်တယ်။ ဒါေပမယ့် သူတို့ အတူတူရှိေနတာကိုတော့ ငါမကြိုက်ဘူး။"
ဇွဲ "အဲ့နေ့က ငါတို့နောက်ကျသွားလို့ ဘာဖြစ်မှန်းမသိလိုက်ဘူး။ တစ်ခုပြောမယ်ငါ့ညီက မင်းကို သိပ်ချစ်တာ။ သူ မင်းကို သစ္စာဖောက်မှာ မဟုတ်ဘူး။ ပြီးတော့ ကိုသျှားနဲ့ ဇာခြည်လင်း တစ်ခုခု ပတ်သတ်တယ်ထင်တယ်။မနေ့က သူတို့ Fudo မှာ ထိုင်နေတာတွေ့လိုက်တယ်။ ငါသွားပြီ။"
ဇွဲ စာအုပ်တွေ လွယ်အိတ်ထဲထည့်ပြီး သခင့်အခန်းထဲမှ ထွက်လာခဲ့သည်။ သခင်ထွက်သွားတဲ့ ဇွဲကျောပြင်ကို ကြည့်ပြီး လွန်ခဲ့တဲ့ ၃ ရက်က သျှား ရင်ခွင်ထဲရောက်နေတဲ့ လရောင်သွေး တို့ကို မြင်ယောင်နေသည်။
ESTÁS LEYENDO
အရမ်းမုန်းသော်လည်း ချစ်ခဲ့သည် / အရမ်းမုန်းသော်လည်း ချစ်ခဲ့သ{Completed}