အရမ်းမုန်း​သော်​လည်း...ချစ်​ခဲ့သည်​ ၂
5.1K 201 8
အပိုင်း  (၂)
သုတ pov:
ကျွန်​​တော့်​အမည်​  "သုတ"ပါ။ကျွန်​​တော်​တို့ အဖွဲ့မှာ ကျွန်​​တော်​က လူ​ကောင်​အ​သေးဆုံး။ခနခနလည်းအစခံရတယ်​။ကျွန်​​တော်​က JJ Fashion ကုမ္ပဏီ ပိုင်​ရှင်​ "ဦးမင်းသုတ+​ဒေါ်သရဖီ"တို့ရဲ့တစ်​ဦးတည်း​သောသားပါ။ ကျွန်​​တော်​မှာ အချစ်​ဆုံးသူငယ်​ချင်း​တွေရှိတယ်​။နေသခင်​၊ဇွဲထက်​ပိုင်​၊ ဖြိုး​သူရဇော်၊ပိုးသားဖြူ။ပိုးပိုးက ​ဆေး​ကျောင်းတတ်​​နေ​သူ၊ ကျွန်​​တော်​တို့က​တော့ စီးပွား​ရေး ​မေဂျာ​ပေါ့။ ကျွန်​​တော်​တို့က ငယ်​ငယ်​ကတည်းက ခင်​လာတဲ့ သူငယ်​ချင်း​တွေ အဲ့ထဲမှာ ဖြိုး​တော့မပါဘူး။ ဖြိုးက အထက်​တန်းမှ ကျွန်​​တော်​တို့​ကျောင်းကို​ပြောင်းလာတာ။ အခု ကျွန်​​တော်​နဲ့ ဖြိုးနဲ့က ချစ်​သူ​တွေ ဖြစ်​​နေကြပြီ​လေ။ချစ်​သူတစ်​သက်​လည်း ၅ လပြည့်​​တော့မယ်​။
ကျွန်​​တော်​ အခု ​နေသခင်​အတွက်​ ဟို​ကောင်​​လေး အ​ကြောင်းစုံစမ်း​ပေး​နေရတယ်​။ဖြိုး က​တော့ ​ဘေးက​နေ ပွစိ ပွစိ လုပ်​​နေတယ်​။ သခင့်​ကိုကျိန်​ဆဲ​နေတာ​လေ။သခင်​​တော့နားပူ​နေ​တော့မှာ ​သေချာတယ်​။
သ​ကောင့်​သား ကလည်း မလာနိုင်​​သေးဘူး။ အတန်းလစ်​ပြီး date မလို့ပါဆို​နေမှ။ဘေးမှာ ထိုင်​​နေတဲ့ ကိုယ်​​တော်​ကလည်း မျက်​နှာကိုသုန်​မှုန်​လို့။
ဖြိုး " သု သခင်​ကလည်း ကြာလိုက်​တာ။ အခုထိမလာနိုင်​​သေးဘူး။ ဘာများလုပ်​​နေရတာလည်း။"
သု "ဖြိုးရယ်​ လာမှာ​ပေါ့။ လမ်းပိတ်​​နေလားမှမသိတာ"
ဖြိုး​ပြောသလိုဘဲ ကျွန်​​တော်​လည်းစိတ်​မရှည်​ချင်​​တော့ဘူး။
ဖြိုး "ထားပါ​တော့။ ကိုယ်​တို့ရဲ့ တန်​ဖိုးရှိတဲ့ အချိန်​​လေး​တွေ ကုန်​​တော့မယ်​ ။ သခင်​ သခင်​ မင်းလာမှ​တွေ့မယ်​။"
သု "ဟားဟား ဖြိုးကလည်း​နော်​ စိတ်​ရှည်​ရှည်​ထားပါ။ သူများအကျိုး​ဆောင်​ ကိုယ့်​အကျိုး​အောင်​တဲ့"