2.3K 123 11
အရမ်းမုန်းသော်လည်း...ချစ်ခဲ့သည်
အပိုင်း (၄၇)
ပိုး စာသင်ချိန် တစ်လျှောက် အတွေးပင်လယ်ထဲနစ်မျောနေသည်။ နောက်ဆုံး ဆုံးဖြတ်ချက်ကို ခိုင်မာစွာချလိုက်သည်။
ပိုး "သူသူ ဒီနေ့ ငါဆေးရုံကို မလိုက်နိုင်တော့ဘူး"
သူသူ "ဘာလို့လည်း ပိုး"
ပိုး ရယ်ပြလိုက်ပြီး
ပိုး "ဟီး...ငါ မောင့်ဆီသွားမလို့။ အဲ့တာကြောင့်"
နန်း "အ်ိမ်မှာ မတွေ့ရမှာ ကျနေတာဘဲ။ "
သူသူ "အေးလေ နေ့တိုင်းမြင်နေကြကို"
ပိုး "ဒါကတော့လေ နင်တို့လို FA ကို ဘယ်နားလည်မလည်း။"
သူသူ ရော နန်းရော ပိုးကို မျက်စောင်းထိုးပြီး ပိုကိုပိုတယ်လို့ ပြောပြီး တစ်ဖက်လှည့်သွားသည်။
.....................
ဇွဲ "သခင် ဒီနေ့ ဇာခြည်လင်း ကျောင်းမလာဘူးထင်တယ်။".
သခင် "ငါက ဘယ်သိမလည်း ယောက်ဖရာ။ သူ့ကို လိုက်ကြည့်နေတာမှ မဟုတ်တာ"
ဇွဲ "အေးပါကွာ။ ဒါနဲ့ ဖြိုး တို့က ဘာလို့ ရုတ်တရက်ရောက်လာကြတာလည်း။"
သခင် "အိမ်ရောက်ရင် သိမှာပေါ့။"
သခင် ဆေးရုံက ထွက်လာပြီးတော့ စိတ်ထဲ ဘာက်ို အလိုမကျဖြစ်နေလညိး မသိဘူး။ မနက်က ရယ့ရယ်မောမော နဲ့ လန်းဆန်းနေတဲ့ သခင်ရဲ့ မျက်နှာကို ကြည့်ပြီး ဇွဲ မေးခွန်းထုတ်လိုက်သည်။
ဇွဲ "သခင်"
ဇွဲ ခေါ်လိုက်တဲ့ ဘာလည်းဆိုတဲ့ သဘောနဲ့ မေးဆက်ပြသည်။
ဇွဲ "မင်း ဘာဖြစ်နေတာလည်း။ မနက်က ဒီရုပ်မဟုတ်ဘူး။ ငါ့ကို အမှန်အတိုင်းပြော"
သခင် သက်ပြင်းခပ်ဖွဖွလေး ချလိုက်ပြီး
သခင် "သခင် မင်းသိလား။ ငါ တစ်ခုခုကိုစိုးရိမ်နေတယ်။ ပြီးတော့ တစ်ခုခု ဖြစ်တော့မယ်လို့ ခံစားချက်ကြီး။ ဒီခံစားချက်က Daddy နဲ့ Mommy တို့ ကားအက်စီးဒင့် ဖြစ်ပြီး ဆုံးသွားတဲ့ နေ့ကလို ခံစားချက်ကြီး။ ငါလေ ကလေးတစ်ခုခု ဖြစ်မှာ အရမ်းကြောက်တာဘဲ။ ငါ အခုလို ခံစားနေတာကြီးကို မုန်းတယ် သခင်"