အပိုင်း ❀ ၂၆ ❀
ဟိန်း နဲ့ ပိုး မင်္ဂလာ ဖိတ်စာ အတွက် ဖိတ်စာဆိုင် ကို ရောက်လာခဲ့ကြတယ်။
Girl " မင်္ဂလာပါရှင့် ဘာများ ကူညီပေးရမလည်း ရှင့်"
ဟိန်း "ဟို မင်္ဂလာ ဖိတ်စာလေး လာမှာတာပါ။"
Girl "ဟုတ်ကဲ့ရှင့် ညီမတို့ဆီမှာ ဒီဇိုင်း မျိုးစုံ ရှိပါတယ်ရှင့်။ ဒီဟာလေးတွေက အခုမှ အသစ် ထွက် တာပါ။ အကို နဲ့ အစ်မ အေးဆေးကြည့်ပါနော်။"
ပိုး "ဟုတ်ကဲ့ရှင့် "
ဟိန်း နဲ့ ပိုး ဖိတ်စာ လေးတွေ ရွေးနေကြတယ်။
ပိုး "မောင် ဒီဟာလေး အရမ်းလှတယ်နော်။"
ဟိန်း "မလှပါဘူး မ ရယ်။ ဒီမှာ မောင် ရွေးထားတာလေးက လှတယ်။"
ဟိန်း ရွေးထား တာက အဖြူရောင် ဖိတ်စာလေး အနားလေးတွေကို ရွှေကွတ်ထားတယ်။ အလယ်မှာ အသည်းပုံလေး အဲ့ထဲမှာမှ ရွှေရောင် ဖောင်းကြွ စကားလုံးထွင်းထားတဲ့ "မင်္ဂလာ ဧည့်ခံပွဲ " ဆိုတဲ့ စာတန်းလေး။ တစ်ဖက်မှာက မင်္ဂလာမောင်နှံ ပုံလေးနဲ့ အသည်းလေးတွေ ပါသေးတယ်။
ပိုး "အင်းဟင်း မ ရွေးထားတာဘဲ ယူမယ်။"
ဟိန်း "မောင် ရွေးတာဘဲ ယူမယ်။ မောင် ကြိုက်တယ်"
ပိုး "မရဘူး ပိုး ရွေးထားထာဘဲ ယူမယ်။"
အမှန်ဆို ပိုးရွေးထားတာက ပိုလှပါတယ်။ ပန်းရောင်ဖိတ်စာလေး အဲ့အပေါ်မှာမှ ဖောင်းကြွ အသည်းလေးက သုံးထပ်။ ဘေးဘက်မှာလည်း အသည်းသေးသေးလေးတွေပါသေး။ အဲ့ အသည်းသေးသေးလေးထဲမှာမှ ပုလဲလေးတွေ ထည့်ထားသေးတယ်။
ဟိန်း "Oki ကောင်းပြီ ဖိတ်စာတော့ မ စိတ်ကြိုက်လုပ်။ မောင်ဘာမှ ပြောဘူး။ ဝတ်စုံကိုတော့ မောင့် စိတ်ကြိုက်ဘဲ။ ဒါဘဲ ပြောမယ်။"
ВЫ ЧИТАЕТЕ
အရမ်းမုန်းသော်လည်း ချစ်ခဲ့သည် / အရမ်းမုန်းသော်လည်း ချစ်ခဲ့သ{Completed}