ကျွန်တော်..အပေါ်ရောက်တဲ့ထိ..ကလေးတတ်မလာခဲ့သေးပါ..
ခေါင်းမမာပါနဲ့..ကလေးရာ..ကိုကိုတောင်းဆိုပါတယ်...
ရလာမယ့်..ကိုကို့ရင်သွေးလေးထက်...
လက်ရှိ..ကိုယ့်ကလေးလေးတစ်ခုခုဖြစ်သွားမှာကို..ကိုကိုသေမလောက်ကြောက်လို့ပါ..ကလေးရယ်....ကိုကို...ဒီတခါတော့..ဘယ်လိုမှ..အလိုမလိုက်နိုင်ဘူး..ကလေး......
Kyungsooတစ်ယောက်..ခုထိကားပေါ်မှာငုတ်တုတ်ထိုင်နေဆဲပင်~~
ပထမဦးဆုံးအကြိမ်ဖြစ်..ကိုကိုက..'မင်း' နဲ့ 'ငါ ' ဆိုတဲ့စကားကို..ရင့်ရင့်သီးသီးပြောသွားခြင်းပင်.....ကိုကိုက..ဘာလို့စိတ်ဆိုးသွားရတာလဲ???
ကျွန်တော်များ..အမှားလုပ်မိခဲ့လို့လား????
ဟင့်အင်း!! ကျွန်တော်မမှားသလို..ကိုကိုလည်းမမှားခဲ့ပါ...
ကံကြမ္မာကမှားခဲ့ခြင်းပင်....ယောက်ျားလေးနှစ်ယောက်တွက်..ကလေးယူတယ်ဆိုတာ..
အများအမြင်..မကောင်းသလို..ကိုယ်ဝန်ဆောင်ရတဲ့..သူအတွက်လည်း..
အန္တရာယ်ဖြစ်တယ်ဆိုတာကြောင့်....ကိုကိုကန့်ကွက်ခြင်းတစ်ခုပင်ဖြစ်သည်...ကိုကိုစိတ်ဆိုးနေတာမို့...ကိုကိုအိပ်လောက်တဲ့ချိန်မှသာ...
ကားပေါ်ကဆင်းလာခဲ့တော့တယ်.....အိပ်ခန်းထဲရောက်တော့...ကိုကို..ကျွန်တော့်ကိုအရင်လို..ယုယုယယဆက်ဆံခြင်းမရှိခဲ့ပေ....
ကုတင်ပေါ်နောက်ကျောပေးပြီး..အိပ်နေခြင်းပင်...ဟင့်.!! ပထမဦးဆုံးအကြိမ်ကျွန်တော့်ကိုကျောခိုင်းခြင်းပင်...
ငိုတာရော..ပင်ပန်းတာရောပေါင်းပြီး..ကိုကို့ဘေးနားဝင်လှဲအိပ်ပေမယ့်..
ကိုကိုရဲ့..နွေးထွေးတဲ့ရင်ခွင်က..ကျွန်တော်ဆီရောက်မလာခဲ့ပါ...."ဟင့်...ကိုကို..ဟင့်..babeကို..အဲ့လိုမလုပ်ပါနဲ့..ကြောက်တယ်ကိုကို...!! "
တိုးတိုးလေးငြီးပြီးသာ...အိပ်ချင်နေတဲ့..မျက်လုံးတွေကိုမှိတ်ပစ်လိုက်တော့တယ်...