"ကလေးငယ်...ထတော့နော် "
Kim jonginတို့စောစောစီးစီး ခေါင်းကုပ်နေရပြီ!!
နိုးနေရဲ့သားနဲ့ လုံးဝမထပဲ စောင်ကြီးပတ်ပြီး အူတူတူလေးထိုင်နေတဲ့ကလေးပေါက်က လုံးဝကိုပြောစကားနားမထောင်လုပ်နေခြင်းကြောင့်ဖြစ်သည်" ကိုကို! ! "
မိုးလင်းမျက်စိစဖွင့်ကတည်းက တစ်ခွန်းမှမပြောပဲ ငုတ်တုပ်ထိုင်နေရာကနေ
ခုတော့ပထမဦးဆုံးပြောလာတဲ့စကားသံ~~အရမ်းကြီးဝမ်းနည်းနေတဲ့ပုံစံမဟုတ်ပဲ ပြေရာပြေကြောင်းပြောနေတာမို့ စိုးရိမ်စိတ်က နည်းနည်းတော့လျော့သွားရသည်....
"ပြောလေ ကလေးငယ် ဘာဖြစ်ချင်လို့လဲ ကိုကို့ကိုပြော
ကလေးငယ်ဖြစ်ချင်တာမှန်သမျှ ကိုကို အကုန်လုပ်ပေးမယ်လေနော်"
ဖောင်းဖောင်းအိအိလေးဖြစ်နေတဲ့ ပါးလေးနှစ်ဖက်ကို တစ်လှည့်စီနမ်းပြီးလေသံချိုချိုလေးနဲ့ပြောနေမိသည်ကလေးငယ်ကိုစောစောစီးစီး စိတိဆိုးစိတ်ကောက်နေတာမျိုးမဖြစ်စေချင်တာကြောင့်ပါ။
"Babeကလေ တဖြည်းဖြည်း ဝတုတ်လာတာ ဝလုးံကြီးဖြစ်နေပြီ
အဲ့တာ ကိုကို့ကြောင့်!! ကိုကိုကအမြဲတမ်းစားစရာကျွေးနေတာနဲ့ခုတော့ ဝတုတ်လေးဖြစ်နေပြီ အဲ့ကြကိုကိုက မချစ်တော့ရင် babeရူးမှာဗျ အူးဝါး!!"သြော်....သြော်.....
သူလေးဝတူတ်နေတာ ကျွန်တော်မျိုးကြီးအပြစ်တဲ့လား!
မိုးလင်းပြီဆိုတာနဲ့ နွားနို့လေးတစ်ခွက်ရယ် ပေါင်မုန့်သုံးချပ်ရယ် ငှက်ပျောသီးနှစ်လုံးရယ်စားလိုက်ရမှ ဗိုက်ပြည့်တာလို့ပြောတာလည်း ကလေးငယ်ပဲ....တခါတရံကြ ကိုယ်လစ်ရင်လစ်သလို ကော်ဖီတစ်ခွက်လောက်ကတော့ အသာလေးမသိမသာခိုးသောက်နေတာကတစ်မျိုး....
နေ့လည်ပိုင်းကြရင်လည်း
"ကိုကို babeကို ကြက်ဂျင်ဆင်းပေါင်းလေးတစ်ပွဲရယ် ခရုဆန်ပြုတ်ချိုချိုလေးတစ်ပွဲရယ် စတော်ဘယ်ရီရေခဲမုန့်လေးတစ်ခွက်ရယ်ပို့ပေးပါဦးနော်" ဆိုပြီးလှမ်းချွဲပြီးပူဆာရတာကတစ်မျိုး.....ညနေပိုင်းdinnerကြတော့
"ကိုကို babeကို ကြက်စင်းကောလေးရယ် ပါစတာလေးရယ် လုပ်ကျွေးပါနော်"ဆိုပြီး လုပ်ကျွေးခိုင်းတာက နေ့တိုင်းလိုလို