Chanyeolတစ်ယောက် ကျွတ်တချက်စုတ်ပြီးစိတ်မရှည်တဲ့အသံနဲ့ပြဲလန်နေအောင်အော်မှ ဟိုလင်လင်နှစ်ယောက်အထုတ်ပေါင်းသောင်းခြောက်ထောင်နဲ့ဆင်းလာလေရဲ့....
ခရီးလေးသုံးရက်လောက်ထွက်မှာကို မသိရင်..တသက်လုံးသွားနေမယ့်ပုံတွေနဲ့ မြင်ရတာစိတ်ညစ်ဖို့ကောင်းတယ်
Kim jonginကိုကြည့်တော့လည်း
ရှပ်အပြာဆင်းလေးရယ် style panလေးရယ်
အွင်း!!မဆိုးဘူး ကိုယ့်လောက်မချောပေမဲ့လည်းKim kyungsooကိုကြည့်တော့လည်းသူလည်းရှပ်အပြာလေးနဲ့ပဲ သူကတော့ဘောင်းဘီတိုလေးနဲ့
Baekhyuneeလောက်လည်းချစ်ဖို့မကောင်းပဲနဲ့..Park Chanyeolတို့အကျိတ်အနယ်ကိုတွေးပြီးတော့ကိုကဲ့ရဲ့နေတော့တာ
"ဟျောင့်..!!!chanyeolအဲ့လောက်မကြည့်စမ်းနဲ့!!ငါတို့ချောတယ်ဆိုတာသိပြီးသားကို"
သောက်မြင့်ကတ်ဖို့စကားတွေလာပြောပြန်ပြီ....
"သောက်ပိုစကားတွေလာမပြောနဲ့ တကယ်တည်းမပြီးနိုင်မစီးနိုင်တွေ ပြောတော့စောစောလာခဲ့ ပါလာခဲ့ပါနဲ့ ရောက်တော့လည်းသူတို့ပဲမပြီးနိုင်မစီးနိုင်တွေ"
"တော်ပါတော့!! ParkChanyeolရယ်မိန်းမကြီးလိုပဲ မပြီးနိုင်မစီးနိုင်လွှတ်နေသိလား ဟိုနှစ်ယောက်ကားပေါ်ကိုရောက်နေပြီ!!မင်းဟာလေဆရာဝန်မလုပ်ပဲMCလုပ်စားသင့်တာ လေရှည်တဲ့ကောင်ဆိူတော့လေ...."
"ငါ့ကိုလေရှည်တယ်လို့သာပြောနေတာKim jonginဆိုတဲ့မင်းကလေ ငါတစ်လုံးတောင်မပြောရသေးပဲ မင်းကြီးပဲစွတ်လွှတ်နေတာလေ.."
"ဟာ!!!ခင်ဗျားကြီးတို့လေပေါနေတာ ဒီတသက်ပြီးဦးမှာလား..."
"ရတယ်...မသွားပဲနေလည်းအဆင်ပြေတယ်နော်ဟုတ်တယ်မလားbaek.."
ကလေးနှစ်ယောက်ပြောမှပဲ.လေပေါပွဲကြီးပြီးသွားတော့တယ်
ခုဏကသူတို့နှစ်ယောက်မဟုတ်သလိုနဲ့ပါးစပ်လေးတွေဖြီးပြနေတာ