နွေးထွေးလွန်းလှတဲ့.....မနက်ခင်းလေးဟာ
ကော်ဖီနံ့သင်းသင်းလေးကြောင့်....ပိုပြည့်စုံခဲ့သည်~~~"ကိုကို!!! ထတော့လေ babyကကော်ဖီမွှေးမွှေးလေးတစ်ခွက်တောင်ဖျော်ပြီးနေပြီကို"
ရင်ခွင်ထဲ ခေါင်းလေးတို့ဝှေ့ပြီး နှိုးနေတဲ့ပုံလေးကိုက ကြောင်ပေါက်လေးတစ်ကောင်လို.......
ကလေးငယ်သည် ခုတလောအရမ်းကိုချွဲတတ်လွန်းနေသည်
အရင်ကလည်း ချွဲတတ်တယ်ဆိုပေမဲ့ ခုတလောကတော့ အရင်ကထက်ကိုပိုချွဲလွန်းနေတတ်သည်။ရင်ခွင်ထဲက ကြောင်ပေါက်လေးကို တရှူံရှူံကိုနမ်းပေးလိုက်တော့တယ်
အရမ်းကိုချစ်ဖို့ကောင်းလွန်းနေလို့ပါ! ခပ်ပြည့်ပြည့်ပါးဖောင်းဖောင်းလေးက
ိုအတင်းဖိနမ်းပြီးမွေးကြူလိုက်မိတော့တယ်"ဖြည်းဖြည်းနမ်းပါ ကိုကိုရ!!! ထွက်မပြေးပါဘူးကိုကိုရဲ့!!"
ဆူပုတ်ပြီးပြောနေတာလေးကလည်း ချစ်ဖို့ကောင်းနေပြန်ရော~~
Kim jonginတို့ဆေးမမှီတော့တာ ဒီကလေးနဲ့တွေ့ကတည်းကနဲ့တူပါတယ်.....
"ဟော~~မျက်လုံးကြီးမှိုတ်ပြီး ပြုံးနေပြန်ပြီရော~~ ကိုကိုအူမြူးနေတာလားဟမ်!! "
ရိုးရိုးမေးလည်းဒီစကားပဲကို ရင်ခွင်ထဲကနေ မှေးစေ့ကိုဖျက်ကနဲနမ်းပြီးမေးစရာလားလို့!!
"အား!!!!ကလေးငယ်...ကိုကို့ကို အူတွေပြုတ်ထွက်ပြီး သေအောင်သတ်နေတာလား....ကိုကို! ကလေးငယ်ကို မြိုချပစ်ပြီးတကျွတ်ကျွတ်မြည်အောင် ကိုက်စားရမလားပြော"
"ဟိ!!! ကြောင်နှာဘူးကြီးပါကွာ"
တဟားဟားအော်ရယ်သံတွေနဲ့တင် မနက်ခင်းလေးဟာ အလွန်လှပသာယာနေတော့သည်......
ကလေးငယ်သာရှိရင်ညကိုယိ့ဘဝက အမြဲသာနေဆဲပါ~~~
"ဝိုး~~~ကိုယ့်ကလေးငယ် ဖျော်ပေးတဲ့ကော်ဖီက ကမ္ဘာကျော်ကော်ဖီတွေထက်ပိုအရသာရှိတယ်ကွာ..."
ကိုယ့်ကသာ ခံစားချက်လေးအပြည့်အဝနဲ့သာပြောနေတာ
ကလေးငယ်ကတော့ နွားနို့တစ်ခွက်နဲ့ သာယာနေတော့တာပဲ"ကလေးငယ်...နွားနို့ကသောက်လို့ကောင်းလား"
နှုတ်ခမ်းမှာ နို့ရည်လေးတွေပေပွအောင်သောက်နေတာ
ကြောင်ပိစိကွေးလေးလို!!