လေပြေတဖြူးဖြူးနဲ့ တိုက်ခတ်နေတဲ့ လေညှင်းလေပွေလေးတွေရယ် အပြာရောင်သန်းနေတဲ့ ပင်လယ်ရေပြင်ကြီးရယ် အိမ်မက်ကမ္ဘာမှာပျော်မွေ့နေတဲ့ ကျွန်တော့်ရဲ့ ကလေးငယ်ရယ် အရာရာတိုင်းဟာ အနုပညာရသမြောက်အောင်လှပနေတော့သည်။
"ကလေး~ ထတော့လေ ရောက်နေပြီ!!"
ဉီးခေါင်းထက်ကိုအနမ်းတစ်ပွင့်ချွေပြီးမှ မျက်တောင်လေးတွေပိတ်ထားရာကနေ တဖြည်းဖြည်းဖွင့်လှစ်လာတဲ့
ကလေးငယ်ရဲ့ မျက်ဝန်းလှလှလေးတွေ လှရက်လိုက်တာ ကလေးရယ်အာ~~ကျွန်တော်က ကလေးရယ်ရဲ့ အစိတ်အပိုင်းတစ်ခုစီတိုင်းကို သဘောကျချစ်မြတ်နိုးတတ်နေတာပဲလေ...
"ရောက်ပြီလား!! ကိုကို ဝါး~~ ပင်လယ်ကြီးကလှလိုက်တာ ကိုကိုရေ"
အပျော်တွေလွန်ပြီး သဘောကျနေတဲ့ ကလေးငယ်ကိုကြည့်ပြီး သူပါပျော်ရွှင်မိတယ်....
ဒီလိုပါပဲ လူတိုင်းက ချစ်မြတ်နိုးလာပြီဆို ကိုယ်ချစ်တဲ့သူ ဘာလုပ်လုပ် အသေးအဖွဲ့လေးကစပြီး သဘောကျချစ်မြတ်နိုးတတ်တာ အချစ်ရဲ့စွမ်းအင်တစ်ခုပဲမဟုတ်လား....
"ကလေးငယ်ပဲ ပင်လယ်ဘက်သွားချင်တယ်ဆိုပြီး ကိုကို့ကို ဂျီကျနေတာလေ မဟုတ်ဘူးလား"
"ဟုတ်တယ် Babeပင်လယ်ဘက်ကို အရမ်းပဲလာချင်နေတာ ကိုကို့ကိုချစ်လိုက်တာ အား!!! အရမ်းကိုချစ်နေပြီ ကိုကိုရေ"
ကားပေါ်ကဆင်းပြီး ခုန်ပေါက်အော်ဟစ်နေလိုက်တာများ သူများတွေများမြင်ရင် ဆရာဝန်လို့များ ပြောပြရင်ယုံကြမယ်မထင်!!
"လာတော့ ကလေးငယ် ညနေကြမှ တူတူဆော့ကြမယ် ခုတော့ ဟိုတယ်မှာ ခဏသွားနားကြမယ်နော်"
"လာပြီ!! ကိုကို ညနေကြရင်တော့ တကယ်ဆော့မှာနော်"
လက်ချင်းတွဲပြီး ပူဆာနေတဲ့ အတွဲကိုလူတိုင်းကဝိုင်းကြည့်နေပေမဲ့ သူတို့ကမ္ဘာနဲ့ သူတို့ကပျော်မွေ့နေကြတာပါပဲ.....
"ကိုကို!! ဟိုမှာ Yixing hyungတို့အတွဲ ဟုတ်တယ်မလား ဘေးကbunny hyungနဲ့လေ bunny hyung!!!!"
"က..ကလေး...."
သူ့hyungတွေကိုမြင်တာနဲ့ ပြေးသွားတာများ လိုက်ဖမ်းလို့ကိုမမိတော့ဘူး...