"ဟင့်~ နာတယ် ကိုကိုရ!! "
"အင်းပါ ကလေးရယ် ကိုကိုလည်း ဖြေးဖြေးထည့်ပေးနေတာပဲ..."
"အင့် အ! အ! ကိုကို babeကို ဟင့်...နာတယ်.."
"ခဏလေးပါ...ကလေးရာ...ပြီးတော့မှကို.."
"အ! အ !! နာတယ်ဆို ဟင့်.."
Kim jonginတို့ စိတ်ကို ရှည်ထားရပါတယ်နော်..
"အ! နာပါတယ်ဆို ကိုကိုရ သူ့အသားမဟုတ်တိုင်း!!"
အမယ်...ဆူနေအောင် ပြန်အော်တယ်ဗျ
"ဘယ်သူက သစ်ပင်ပေါ်တတ်ဆော့ခိုင်းလို့လဲ..ခုမှ လာအော်မနေနဲ့.."
ဟုတ်တယ်လေ ဆေးရုံကစောစောပြန်လာတုန်းလေ အိမ်မှာနားနားနေနေ နေမယ်မရှိဘူး...ပျင်းလို့ သစ်ပင်ပေါ်တတ်ကြည့်တယ်တဲ့လေ..
ခုတော့ ခြေထောက်က ပွန်းရုံတင်မက...
လက်က ကျောက်ပတ်တီးဖွေးဖွေးလေးနဲ့ စတိုင်လ်ကျနေတဲ့ ကလေးစုတ်။
"ဟင့်!! လူဆိုးကြီးရဲ့...ပြုတ်ကျရင် ဘယ်သူကတတ်မလဲ!! ဖြေးဖြေးဆေးထည့်နာတယ်.."
"အမယ်~~ခင်ဗျားလေးက ဆရာဝန်မဟုတ်ဘူးလား..နာတတ်နေတယ် "
"ဟင့်!!ခုချိန်မှာ babeက ဆရာဝန်မဟုတ်ဘူး..ကလေးလေး..
ကိုကို့ကလေးလေး ဟင့်!!စပ်တယ် မှုတ်ပေးပါ အီးဟီး!!"နှာတရှုံရှုံနဲ့...မျက်နှာမှာလည်း မျက်ရည်ကလည်းအပြည့်!!
ရိုးရိုးဖျားရင်းတောင် ဂျီကျတတ်တဲ့ကလေးမို့..
ခုလို ဒဏ်ရာတွေနဲ့သာဆို ပိုဂျီကျတတ်တာမို့..သူ အလုပ်ကို တစ်ပတ်လောက်အနားယူရတော့မယ်။။
"အင်းပါ...ကလေးရယ် ကိုကို ဖြည်းဖြည်းလေးပွတ်ပြီး
လိမ်းပေးမယ်နော်ဖွဖွ!!"ဒူးခေါင်းက ဒဏ်ရာလေးကို ဆေးလိမ်းပြီး ဖွဖွလေးနမ်းပေးလိုက်တော့...
"ဟိ!!! မကြာခင် ပျောက်တော့မယ်ကွ.."
အူမြူးလာတဲ့ကလေးကို ကြည့်ပြီး သူသက်ပြင်းချမိတယ်....
ဟူး....ကလေးတစ်ယောက် မငိုအောင်တော့ သူထိန်းရတော့မယ်...
"ကိုကို~~babeကို ချစ်လား "