"အင်း...တစ်နှစ်ပဲ..... ကလေး....တစ်နှစ်ပဲ..."
ကုတင်ပေါ်ကကလေးလေးကို...သေချာပြောပြမိလိုက်တော့....
အဝတ်လဲနေတဲ့..ကိုယ့်နားဘယ်လိုဘယ်လိုရောက်လာမှန်းမသိလိုက်!!
မြန်ချက်ကတော့......"တစ်နှစ်ကြီးတောင်လား....ကိုကိုရ...babyက မသွားတော့ဘူး..စဉ်းစားထားတာကို..."
ကျွန်တော့်လက်နှစ်ဖက်ကို...ပူးကိုင်ပြီး....ခေါင်းလေးငုံပြီးပြောပြနေရှာသောကလေးငယ်~~
နှုတ်ခမ်းဖူးဖူးလေးကလည်း....ဆူနေသေးတာ...
စောစောစီးစီး အသည်းတွေကိုချွေယူနေပြန်ပြီလား...ကလေးငယ်ရာ ~~"လာ...ကိုကို့...ဘေးနားခဏလာထိုင်...ကိုကိုရှင်းပြမယ်.."
ကလေးငယ်ရဲ့...နူးညံလွန်းတဲ့လက်ဖောင်းဖောင်းလေးတွေကိုဆွဲယူပြီး...သူ့ဘေးနားထိုင်ခိုင်လိုက်တယ်.....
ကလေးငယ်ကို...သူနားဝင်အောင်ရှင်းပြရမယ်လေ~~~~
"ကိုကို့ကိုကြည့်!!! ကလေးငယ်~~"
"ချောတယ်~~ babyကိုကို့က ဘယ်ချိန်ကြည့်ကြည့် ကြည့်ကောင်းနေပါရောလား..."
မျက်နာနား...တိုးလာလိုက်...နောက်ဆုတ်သွားလိုက်နဲ့....
သူ့မျက်နှာကို ပြုံးပြီးကြည့်နေသော ကလေးငယ်~~ငြိမ်ငြိမ်လေးနေရင်တောင်....ငုံထားမတတ်ချစ်နေရပါတယ်ဆိုမှ...
ခုလိုလေး....အပြုံးချိုချိုလေးတွေနဲ့...ကြည့်ရင်
လူကရူးမတတ်ဖြစ်သွားတတ်တာ...ကလေးငယ်ကတော့မသိရှာ...ခုလည်း...ကြည့်တုန်း...ကြည့်ဆဲပင်။။
ပြောမယ့်စကားတွေပျောက်သွားအောင်....လုပ်နေတာလားကလေးငယ်ရေ~~
"ကိုကို...ချောတာ...ကိုကိုသိပါတယ်...ကလေးရ"
"ဟငိ့အင်း....babyက ပိုသိတာ...babyကိုကို့က ဘယ်လိုနေနေ ချောပြီးသန့်ပြန့်နေတာ...အူးဝါး!! ပြောရင်းနဲ့တောငိ...ပိုချောလာတယ်..ကြည့်စမ်း!!! ကိုကိုချောအောင်...ဘာဆေးတွေသုံးထားလဲ!!"
အမယ်~~ပေါက်ပေါက်ရှာရှာက မေးလာပြန်ပြီ!!
"ကလေး...ကိုကိုနဲ့လက်ထက်တာ...ဘယ်နှစ်နှစ်ရှိပြီလဲ...ပြောကြည့်ပါဦး"