Extra-2 (U+Z)

1.1K 69 6
                                    

(Unicode)

"ကိုကို~~babeသွားလို့အဆင်ပြေပါတယ်နော်"

ဒီကလေးငယ်နဲ့တော့ခက်ပါတယ် ပူစရာမရှိကြံဖန်ပူတတ်နေလိုက်တာ...

"ကလေးရာ ကိုယ့်အလုပ်ကိုသာစိတ်ဖြောင့်ဖြောင့်သွား ဟုတ်ပြီလား ကိုကိုနဲ့သားသားလေးကအဆင်ပြေပါတယ်"

ပုခက်ထဲမှာအိပ်ပျော်နေတဲ့သားသားလေးကိုကြည့်ပြီး ကလေးငယ်စိတ်မပူစေဖို့အတွက် သူတတွတ်တွတ်ပြောနေရတာ မိုးလင်းကတည်းက ကလေးငယ်တစ်ယောက်အရမ်းကိုစိုးရိမ်ပူပန်နေလွန်းတာပဲ

"babeအစည်းဝေးပြီးတာနဲ့ ချက်ချင်းပြန်လာမှာမို့ မကြာပါစေရဘူးနော် ကိုကိုနော်"

အာရီဂူး~~ချွဲပြနေတဲ့ကလေးငယ်ကြောင့်သူအချစ်တိုးရပြန်ပြီ သားသားရှိနေတာတောင် တစ်ခါတစ်လေကြရင် ကလေးငယ်သည် သားသားထက်ပိုပြီးချွဲတတ်သေးသည်

"ဟုတ်ပါပြီကွာ~~ကိုကို့ကိုစိတ်ချလိုက်ပါ သွားတော့နော် နောက်ကျနေမယ်"

ကလေးငယ်ကဆေးရုံမှာအရေးကြီးတဲ့meetingကြောင့်သာ သားသားကိုထားပြီးသွားရတာ မဟုတ်ရင် ကလေးငယ်က သူ့သားသားကိုဘယ်သူနဲ့မှစိတ်မချဖြစ်နေတတ်သည်...

"ပါးပါးရဲ့ သားသားလေးက နိုးနေပြီလား"

ပုခက်ထဲမှာ မျက်လုံးလေးမှိတ်လိုက်ဖွင့်လိုက်နဲ့ သူ့ကိုချီခိုင်းနေတဲ့ သားသားလေးဟာ တကယ်ကိုအသည်းယားမတတ်ချစ်ဖို့ကောင်းနေတော့သည်

သားသားက ဆယ်လသားအရွယ်သာ ရှိသေးပေမဲ့လည်း နို့တအားသောက်တာကြောင့် သားသားကထင်ထားတာထက်ကို ဖွံ့ဖွံ့ဖြိုးဖြိုးနဲ့ ဝတုတ်ကလေးဖြစ်နေတော့သည်....ပါးလေးတွေကလည်း အိစက်ပြီး mochiလုံးလေးတွေလို အိစက်နူးညံ့နေသည်

"အာ!! ပါးပါးရဲ့ဝက်ကလေးက လေးလိုက်တာကွာ"

ဘက်!! ဘက်!! ဘက်!!

သူ့ကိုလေးလိုက်တာလို့ပြောမိတာနဲ့ ပြောတဲ့သူရဲ့မျက်နှာကိုတဘက်ဘက်နဲ့ကိုရိုက်တော့တာပဲ...

"ဟား~ဟား~~ အိုကေပါ ပါးပါးက သားသားကိုဝက်ကလေးလို့မပြောတော့ပါဘူးကွာ"

Baby & Me {Completed}Where stories live. Discover now