B&M-28(Uni)

389 23 2
                                    

နွေးထွေးလွန်းလှတဲ့.....မနက်ခင်းလေးဟာ
ကော်ဖီနံ့သင်းသင်းလေးကြောင့်....ပိုပြည့်စုံခဲ့သည်~~~

"ကိုကို!!! ထတော့လေ babyကကော်ဖီမွှေးမွှေးလေးတစ်ခွက်တောင်ဖျော်ပြီးနေပြီကို"

ရင်ခွင်ထဲ ခေါင်းလေးတို့ဝှေ့ပြီး နှိုးနေတဲ့ပုံလေးကိုက ကြောင်ပေါက်လေးတစ်ကောင်လို.......

ကလေးငယ်သည် ခုတလောအရမ်းကိုချွဲတတ်လွန်းနေသည်
အရင်ကလည်း ချွဲတတ်တယ်ဆိုပေမဲ့ ခုတလောကတော့ အရင်ကထက်ကိုပိုချွဲလွန်းနေတတ်သည်။

ရင်ခွင်ထဲက ကြောင်ပေါက်လေးကို တရှူံရှူံကိုနမ်းပေးလိုက်တော့တယ်
အရမ်းကိုချစ်ဖို့ကောင်းလွန်းနေလို့ပါ! ခပ်ပြည့်ပြည့်ပါးဖောင်းဖောင်းလေးက
ိုအတင်းဖိနမ်းပြီးမွေးကြူလိုက်မိတော့တယ်

"ဖြည်းဖြည်းနမ်းပါ ကိုကိုရ!!! ထွက်မပြေးပါဘူးကိုကိုရဲ့!!"

ဆူပုတ်ပြီးပြောနေတာလေးကလည်း ချစ်ဖို့ကောင်းနေပြန်ရော~~

Kim jonginတို့ဆေးမမှီတော့တာ ဒီကလေးနဲ့တွေ့ကတည်းကနဲ့တူပါတယ်.....

"ဟော~~မျက်လုံးကြီးမှိုတ်ပြီး ပြုံးနေပြန်ပြီရော~~ ကိုကိုအူမြူးနေတာလားဟမ်!! "

ရိုးရိုးမေးလည်းဒီစကားပဲကို ရင်ခွင်ထဲကနေ မှေးစေ့ကိုဖျက်ကနဲနမ်းပြီးမေးစရာလားလို့!!

"အား!!!!ကလေးငယ်...ကိုကို့ကို အူတွေပြုတ်ထွက်ပြီး သေအောင်သတ်နေတာလား....ကိုကို! ကလေးငယ်ကို မြိုချပစ်ပြီးတကျွတ်ကျွတ်မြည်အောင် ကိုက်စားရမလားပြော"

"ဟိ!!! ကြောင်နှာဘူးကြီးပါကွာ"

တဟားဟားအော်ရယ်သံတွေနဲ့တင် မနက်ခင်းလေးဟာ အလွန်လှပသာယာနေတော့သည်......

ကလေးငယ်သာရှိရင်ညကိုယိ့ဘဝက အမြဲသာနေဆဲပါ~~~

"ဝိုး~~~ကိုယ့်ကလေးငယ် ဖျော်ပေးတဲ့ကော်ဖီက ကမ္ဘာကျော်ကော်ဖီတွေထက်ပိုအရသာရှိတယ်ကွာ..."

ကိုယ့်ကသာ ခံစားချက်လေးအပြည့်အဝနဲ့သာပြောနေတာ
ကလေးငယ်ကတော့ နွားနို့တစ်ခွက်နဲ့ သာယာနေတော့တာပဲ

"ကလေးငယ်...နွားနို့ကသောက်လို့ကောင်းလား"

နှုတ်ခမ်းမှာ နို့ရည်လေးတွေပေပွအောင်သောက်နေတာ
ကြောင်ပိစိကွေးလေးလို!!

Baby & Me {Completed}Where stories live. Discover now