(Unicode)
ဆောင်းရာသီရဲ့ အေးစက်လှတဲ့ ခံစားမှု
ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေနဲ့ ကြုံတွေ့ရတဲ့နေ့ရက်လေးတွေ ကုန်ဆုံးလာခဲ့ပြီး
အခုတော့ သာယာတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့ပြီ။"ကိုကိုရေ... ရာသီဥတုကအေးနေတာနော် ရေမြန်မြန်ချိုး!!!"
အိမ်ထောင်ရှင်ဆရာဝန်ပိစိလေးရဲ့ အသံကတော့
Kim jonginရဲ့မရှိမဖြစ် မကြရမနေနိုင်ရတဲ့
တန်ဖိုးရှိလှတဲ့ အဖိုးတန်အသံလေး...."ဟုတ်ပါပြီ....ကိုကို ရေချိုးတာပြီးပါပြီ babeရဲ့!!"
"ခေါင်းပြောင်အောင်သုတ်နော်...ဆောင်းဝင်လာပြီဆိုတော့ ကိုကိုဖျားနာနေတာ babeမကြည့်ရက်ဘူးနော်..."
ပုဝါတစ်ထည်ယူလာပြီး ခေါင်းကိုလည်းသုတ်ပေး ပါးစပ်ကလည်းပွစိပွစိနဲ့ ဆူတတ်နေတာ
အရင်ကထက်စာ ကလေးငယ်ကရင့်ကျက်တဲ့ဆရာဝန်ကောင်းတစ်ယောက်ဖြစ်နေပြီ
ကိုယ့်ရှေ့သာ ပူဆာပြီးချွဲတတ်တဲ့ကလေးလေးဆိုပေမဲ့ လူနာတွေရှေ့ပြုံးရွှင်ပြီး ရင့်ကျပ်တည်ငြိမ်တဲ့ဆရာဝန်တစ်ယောက်.....ကိုယ်တိုင်ပျိုးထားတဲ့ ပန်းပင်လေးဟာ တယုတယပွင့်လာရင် ကြည်နူးရတဲ့ ခံစားချက်မျိုးကို ကိုယ်တိုင်ခံစားတတ်လာပြီ!!
"အင်းပါ ကိုကို ကျန်းမာရေးလည်းဂရုစိုက်ပါ့မယ် မကျန်းမာတော့ရင် ဆရာဝန်ကိုယူထားတာပဲ အေးဆေးပဲကို!!"
"အဖိုးကြီးတွေဆို မကုဘူးဗျ!!"
အဲ့သလို ပြောင်ချော်ချော်ကလည်းစတတ်သေး...
"အဖိုးကြီးတွေက ကလေးငယ်တွေကိုဘာလုပ်တတ်တယ်ထင်သလဲ!!"
"ကလေးငယ်တွေကရော အဖိုးကြီးကို ပြန်ပြီးလုပ်တတ်တယ်လို့ထင်တယ်"
မျက်ခုံးတပင့်ပင့်နဲ့ပြန်ပြောနေပုံကအူယားစရာလေး...ချစ်လိုက်တာ ကလေးရယ်....
"ဟော~~ဒီလိုပေါ့ဗျာ ပြွတ်!! မောနင်းကိုကို!! သာယာတဲ့နေ့လေးဖြစ်ပါစေ"