(Unicode)
Kimအိမ်တော်၏ဧည့်ခန်းထဲတွင်နှစ်ဖက်မိသားစုံစုံလင်စွာရောက်ရှိနေကြသည်
"သားတို့ဒီကိစ္စကိုတကယ်ဆုံးဖြတ်ပြီးသွားပြီလား"
လေးနက်စွာမေးလာတဲ့Appaရဲ့စကားသံကြောင့် သူbabeရဲ့လက်ကိုတင်းကျပ်စွာစုတ်ကိုင်ပြီး တည်ငြိမ်စွာနဲ့ပဲခေါင်းငြိမ့်ပြလိုက်မိတယ်
ဒီကိစ္စကိုလွယ်လွယ်နဲ့ဆုံးဖြတ်ခဲ့ရတာမှမဟုတ်တာ
အချိန်အကြာကြီးစဥ်းစားပြီးမှခက်ခက်ခဲခဲဆုံးဖြတ်ထားခဲ့ရတာမို့ ဒီကိစ္စနဲ့ပတ်သတ်ပြီး သူ့အနေနဲ့အရာရာကိုပြတ်သားစွာပြောနေခြင်းဖြစ်သည်"ဟုတ်ကဲ့Appa သားတို့နှစ်ယောက်လုံးသေချာတွေးပြီးမှ ကလေးမွေးစားဖို့အတွက်ဆုံးဖြတ်လိုက်တာပါ"
"kyungsoo~~သားလေးရောသဘောတူရဲ့လား အရင်လိုကလေးမဆန်ရတော့ဘဲ သားက ကလေးလေးရဲ့ပါးပါး လုပ်ရမှာနော် အဆင်ပြေရဲ့လား"
ကလေးငယ်ကို သူ့ommaကိုစသလိုနဲ့မေးတော့ ကလေးငယ်ကလည်းတည်ငြိမ်စွာနဲ့ပဲ...
"ဟုတ်Omma!! သားအနေနဲ့ သားရဲ့ကလေးလေးကိုကျွေးမွေးစောင့်ရှောက်နိုင်တဲ့အဖေကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားကြည့်ချင်တယ်"
ကလေးငယ်ရဲ့စကားသံကြောင့် သူ့ရင်ထဲတကယ်ကိုပိတိဖြစ်သွားခဲ့ရတယ် သူ့ရင်ခွင်ထဲက အဆိုးအပေလေးက တကယ်ကိုလူကြီးဖြစ်လာခဲ့ပြီပဲ
"Ahh~တစ်ခုပြောဖို့ကျန်နေခဲ့တာ"
"ဘာလဲbabeရဲ့ ဘာပြောစရာကျန်နေသေးလို့လဲ"
"babeက ကလေးအထူးကုဆရာဝန်တစ်ယောက်ဆိုတာလည်းမမေ့နဲ့လို့ ပြောချင်သေးတာပါ"
"ဟား...ဟား...ဟား~~~"
ကလေးငယ်ရဲ့ကလေးအထူးကုဆရာဝန်ဆိုတဲ့စကားကြောင့် အကုန်လုံးသဘောတကျဖြစ်ကာ Kimအိမ်တော်ရဲ့အစည်းအဝေးပွဲလေးဟာလည်း စည်စည်ကားကားနဲ့ပြီးဆုံးသွားခဲ့ပါတယ်....
"အာ~~ကိုကိုရင်တုန်လိုက်တာ babeရယ်"
မနက်ကတည်းက ကိုကိုတစ်ယောက် ငြိမ်ငြိမ်မနေနိုင်ပဲ ဟိုနေရာသွားလိုက် ဒီနေရာပြန်လာလိုက်နဲ့ ငြိမ်ငြိမ်ကိုမနေနိုင်သေးဘူး....